ကစားသမားများက မယုံကြည်တော့ချိန်တွင် ရာထူးမှနုတ်ထွက်မည်ဟု မော်ရင်ညိုပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491144918
ဆောက်သမ်တန်နှင့်ပွဲစဉ်တွင် မော်ရင်ဟိုအား တွေ့ရစဉ်

ချဲလ်ဆီးအသင်းနည်းပြမော်ရင်ညိုက ၎င်းအပေါ်ထားရှိသည့် အသင်းကစားသမားများ၏ယုံကြည်မှု ပျောက်ဆုံးချိန်တွင် နည်းပြရာထူးမှထွက်ခွာမည်ဟု ပြောကြားလိုက်သည်။

မော်ရင်ညိုမှာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ၁-၃ ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက် အနာဂတ်နှင့်ပတ်သက်၍ ချဲလ်ဆီးအသင်းဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရသော်လည်း ယခုအချိန်တွင် နည်းပြအဖြစ် ဆက်လက်တာဝန်ယူရဦးမည်ဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ချဲလ်ဆီးအသင်းဘုတ်အဖွဲ့ဝင်များနှင့် မော်ရင်ညိုကြား တင်းမာမှုများရှိခဲ့ပြီး မော်ရင်ညိုက နည်းပြရာထူးမှထွက်ခွာမည်မဟုတ်ကြောင်း ပြောကြားကာ အသင်းကစားသမားများက ၎င်းအပေါ်ထားရှိသည့် ယုံကြည်မှုပျောက်ဆုံးသည့်အချိန်တွင် ရာထူးမှနုတ်ထွက်မည်ဟု စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးနည်းပြမော်ရင်ညိုက ”လူတွေကတော့ သူတို့လိုချင်တာကိုပဲ ပြောနေမှာပါ။ သူတို့အနေနဲ့ ကစားသမားတွေကို သေချာသွားမေးသင့်တယ်။ တကယ်လို့ သူတို့ဘက်က ကျွန်တော့်ကိုမယုံကြည်တော့ဘူးလို့ ပြောလာခဲ့ရင် ရာထူးကနေနုတ်ထွက်မယ်”ဟု ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါပေါ်တူဂီလူမျိုးနည်းပြက ရလဒ်ဆိုးများနှင့်ကြုံတွေ့နေရသော ချဲလ်ဆီးအသင်းအတွက် ကံတရား၏ ဖေးမမှုလိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

comments

error: Content is protected !!