အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489552560
စီးရီးအေပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် မီဟိုင်းလိုဗစ်

စီးရီးအေပွဲစဉ် ၇ တွင် နာပိုလီအသင်းအား ဂိုးပြတ်အရေးနိမ့်ခဲ့သည့် အေစီမီလန်နည်းပြမီဟိုင်းလိုဗစ်သည် ရာသီအစရလဒ်ဆိုးများကြောင့် နည်းပြရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြလျက်ရှိသည်။ အေစီမီလန်သည် နာပိုလီအား ၄ ဂိုးပြတ်အရေးနိမ့်ခဲ့သည့်အတွက် စီးရီးအေပွဲစဉ် ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ခြင်းဖြစ်ပြီး ယခုဘောလုံးရာသီတွင် ၄ ပွဲမြောက်အရှုံးဖြစ်ခဲ့သည်။

နည်းပြမီဟိုင်းလိုဗစ်အနေဖြင့် နည်းပြရာထူးကိုဆက်လက်တည်မြဲရေး မသေချာသည့်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း၊ အေစီမီလန်တွင်ဆက်ရှိနေရန်လည်း ခက်ခဲနေပြီဖြစ်ကြောင်း  အီတလီအားကစားမီဒီယာ La Repubblica က ဖော်ပြခဲ့သည်။

ဘိုလော့နာ၊ ကာတာနီယာ၊ ဖီအိုရင်တီးနား၊ ဆမ်ဒိုးရီးယားအသင်းတို့အား တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည့် စီးရီးအေ၀ါရင့်နည်းပြမီဟိုင်းလိုဗစ်သည် အေစီမီလန်နှင့် ပထမဦးဆုံးဘောလုံးရာသီ နိုင်ပွဲ ၄ ပွဲသာရရှိအောင် စွမ်းဆောင်ပေးနိုင်၍ ပရိသတ်များ၏ ဝေဖန်မှုများလည်းခံနေရသည်။

ယင်းကဲ့သို့ သတင်းများထွက်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ နည်းပြမီဟိုင်းလိုဗစ်က “အသင်းက နုတ်ထွက်ဖို့အစီအစဉ်မရှိပါဘူး။ အသင်းကို ဆက်တာဝန်ယူပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားပါမယ်။ အသင်းကအလိုရှိနေသေးသရွေ့ အေစီမီလန်ကနေ ထွက်ခွာမှာမဟုတ်ပါဘူး”ဟု ဆိုခဲ့သည်။

၂၀၁၄-၁၅ ဘောလုံးရာသီတွင် ဖီအိုရင်တီးနား၊ အင်တာမီလန်၊ ဂျီနိုအာ၊ နာပိုလီတို့အားအရေး နိမ့်ထားခဲ့သည့် အေစီမီလန်အသင်းသည် ပွဲစဉ် ၇ အပြီးတွင် အမှတ်ပေးဇယားအဆင့် ၁၁ နေရာတွင်သာ ရပ်တည်နေပြီး အဆိုးရွားဆုံးရာသီအစနှင့် ရင်ဆိုင်နေရသည်။

comments

error: Content is protected !!