တရားမ၀င်လက်နက်ကိုင်ဆောင်မှုဖြင့် မက်ဆီ၏ အစ်ကိုဖြစ်သူ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
96244277
မာသီးယက်စ်(၀ဲစွန်)အား ညီအစ်ကိုများဖြစ်သော ရိုဒရီဂို(လယ်)၊ မက်ဆီတို့နှင့်အတူတွေ့ရစဉ်

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ၏ အစ်ကိုဖြစ်သူသည် အာဂျင်တီးနားနိုင်ငံ၌ တရားမ၀င်လက်နက်ကိုင်ဆောင်မှု၊ လိုင်စင်မဲ့လက်နက်များ သယ်ဆောင်မှုများကြောင့် ရဲတပ်ဖွဲ့က ခေါ်ယူထိန်းသိမ်းခဲ့ကြောင်း စပိန်သတင်းဌာန Marca ၏ ဖော်ပြချက်အရ သိရသည်။

မာသီးယက်စ်အမည်ရ မက်ဆီ၏အစ်ကိုဖြစ်သူသည် တနင်္ဂနွေနေ့အစောပိုင်းတွင် ၎င်း၏ အော်ဒီကားအား သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင့်ခဲ့သည့်အတွက် ယာဉ်ထိန်းရဲကစစ်ဆေးမှုကို လက်မခံခဲ့သည့်အပြင် ကားနှင့်ပတ်သက်သည့် စာရွက်စာတမ်းများထုတ်ပြရန် ငြင်းဆန်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ရဲတပ်ဖွဲ့၏ စစ်ဆေးခြင်းခံခဲ့ရာမှတဆင့်  ပစ္စတိုသေနတ်အပါအ၀င် လိုင်စင်မဲ့သေနတ်အချို့စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် မာသီးယက်စ်အနေဖြင့် အာဂျင်တီးနားရဲတပ်ဖွဲ့၏  ခေါ်ယူထိန်းသိမ်းခြင်းခံခဲ့ရသည့်အပြင် ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အာဂျင်တီးနားရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း  ၂၀၀၈ ခုနှစ်က တရားမ၀င်လက်နက်ကိုင်ဆောင်မှုဖြင့် ထိန်းသိမ်းခံခဲ့ရသည့်ပြစ်မှုဟောင်းကြောင့် မာသီးယက်စ်အနေဖြင့် ဒုစရိုက်ဂိုဏ်းအချို့နှင့် ဆက်နွယ်မှုရှိနေကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

comments

error: Content is protected !!