ပီအက်စ်ဂျီ၏ သွင်းဂိုးအများဆုံးကစားသမားအဖြစ် သွင်းဂိုး ၁၁၀ ဖြင့် အီဘရာဟီမိုဗစ်ရပ်တည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491353850
မာဆေးနှင့်ပွဲတွင် တန်ဖိုးအရှိဆုံးကစားသမားဆုလက်ခံရယူခဲ့သည့် အီဘရာဟီမိုဗစ်

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူးအီဗရာဟီမိုဗစ်သည် မာဆေးအသင်းနှင့် ပွဲစဉ်တွင်၂ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် လက်ရှိအသင်းတွင် သွင်းဂိုး ၁၁၀ ပြည့်မြောက်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။

တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် မာဆေးအသင်းကို ၂-၁ ဖြင့်အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပင်နယ်တီမှတစ်ဆင့် ဂိုးများသွင်းယူနိုင်ခဲ့ခြင်းကြောင့် တိုက်စစ်မှူးဟောင်းပေါ်လက်တာ၏ ဂိုးသွင်းအများဆုံးစံချိန်အား ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်သူ ပေါ်လက်တာသည် ပီအက်စ်ဂျီအသင်းအတွက် ဂိုးပေါင်း ၁၀၉ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။ ပီအက်စ်ဂျီတိုက်စစ်မှူးဖြစ်သူ အီဗရာဟီမိုဗစ်အနေဖြင့် ၃ နှစ်တာကာလအတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

comments

error: Content is protected !!