ဂွါဒီယိုလာကို အလျင်စလိုသက်တမ်းတိုးမည်မဟုတ်ဟု ဘိုင်ယန်ဥက္ကဋ္ဌ ပြောကြား
|
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂီက နည်းပြဂွါဒီယိုလာ၏ သက်တမ်းတိုးစာချုပ်နှင့်ပတ်သက်၍ အလျင်စလိုပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားကာ အသင်းတွင် အဆိုပါနည်းပြဆက်ရှိမည်ဟု ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။
နည်းပြဂွါဒီယိုလာ၏ စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်တွင် အဆုံးသတ်မည်ဖြစ်သော်လည်း အသက် ၄၄ နှစ်ရှိ အဆိုပါနည်းပြအပေါ် စာချုပ်သစ်ချုပ်ဆိုရန် ဖိအားပေးမည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
အဆိုပါနည်းပြနှင့်ပတ်သက်၍ ”ကျွန်တော်အမြဲတမ်းပြောခဲ့တဲ့အတိုင်း ဘောလုံးရာသီပြီးဆုံးတဲ့အထိ သူအတူရှိနေမှာပါ။ ဘိုင်ယန်မြူးနစ်အတွက် ကစားရမယ့်ပွဲစဉ်တွေလည်း အများကြီးကျန်ပါသေးတယ်။ အသင်းတိုင်းက နည်းပြတွေပျော်ရွှင်နေတာကိုပဲ အလိုရှိပါတယ်။ သူနဲ့သွေးခွဲဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ဂွါဒီယိုလာဟာ စကားပြောကောင်းသလို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူပါ။ သူ့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်က ရှိုးပွဲတစ်ခုလိုပါပဲ။ သူက ကစားသမားတွေကို မျက်စိကို အ၀တ်စည်းပြီး ဘောလုံးကန်ခိုင်းတတ်တဲ့သူပါ”ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဘက်ကင်ဘောင်ဝါကလည်း ဂွါဒီယိုလာ၏ အနာဂတ်နှင့်ပတ်သက်၍ ယခုဘောလုံးရာသီကုန်ဆုံးချိန်မှ သက်တမ်းတိုးခြင်းသည် နည်းပြအတွက် ပျော်ရွှင်စရာဖြစ်စေမည်ဟု ပြောကြားခဲ့သည်။
Next : အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်