ဒီနာတယ်လီ၏ခေါင်းဒဏ်ရာ ၂၅ ချက် ချုပ်ခဲ့ရ
|
ခေါင်းဒဏ်ရာရခဲ့သော်လည်း ဂိုးသွင်းပြီး အောင်ပွဲခံနေသည့် ဒီနာတယ်လီ
အူဒီးနိစ်အသင်းခေါင်းဆောင် ဒီနာတယ်လီသည် ဂျီနိုအာနှင့် ၁-၁ သရေကျခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကို ၂၅ ချက် ချုပ်ခဲ့ရကြောင်း သိရှိရသည်။
အဆိုပါဝါရင့်တိုက်စစ်မှူးသည် ပြိုင်ဘက်ကစားသမား ဆီဘက်ရှန်ဒီမိုင်ယိုနှင့် ခေါင်းယှဉ်တိုက်ချိန်တွင် ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း ဆက်လက်ကစားပြီး ဂိုးသွင်းယူနိုင်ခဲ့သည်။
ဒဏ်ရာရပြီးနောက် ၎င်း၏ခေါင်းအား ပတ်တီးစည်းခဲ့သော်လည်း သွေးများ ဆက်လက်ထွက်လာခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။
အူဒီးနိစ်အသင်း၏ ထုတ်ပြန်ချက်တွင် ဒီနာတယ်လီမှာ ဘယ်ဘက်မျက်ခုံးအပေါ်ဘက်တွင် ရရှိခဲ့သည့်ဒဏ်ရာအား ၂၅ချက် ချုပ်ခဲ့ရသည်ဟု အတည်ပြုခဲ့သည်။
Prev : နည်းပြရော့ဂျာအား လီဗာပူးထုတ်ပယ်
Next : ဟောင်ကောင်နှင့်ပွဲစဉ်တွင် ကွင်းအတွင်းဝင်ခဲ့သည့် ပရိသတ်ကို ပုဒ်မ ၄၁/၁၆ ဖြင့် အရေးယူ
Next : ဟောင်ကောင်နှင့်ပွဲစဉ်တွင် ကွင်းအတွင်းဝင်ခဲ့သည့် ပရိသတ်ကို ပုဒ်မ ၄၁/၁၆ ဖြင့် အရေးယူ