ချန်ပီယံလိဂ်မှ စောစီးစွာထွက်ခွာခြင်းသည် အာဆင်နယ်အတွက် အကျိုးများစေမည်ဟု ကာရေဂါ သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485718622
ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ကာရေဂါ

လီဗာပူးနောက်ခံလူဟောင်း ဂျင်မီကာရေဂါက ချန်ပီယံလိဂ်ပြိုင်ပွဲမှ အာဆင်နယ်အသင်း စောစီးစွာထွက်ခွာခြင်းသည် ယခုနှစ်ပရီးမီးယားလိဂ်ဖလားရရှိရန် အကျိုးဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယမန်နေ့က ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် မန်ယူအသင်းနှင့်ယှဉ်ပြိုင်ခဲ့ရာတွင် ၃-၀ ရလဒ်ဖြင့်အနိုင်ရခဲ့သောကြောင့် အမှတ်ပေးဇယား၌ ဦးဆောင်သူမန်စီးတီးနှင့် ၂ မှတ်အကွာ ဒုတိယနေရာသို့ရောက်ရှိလာခဲ့သည်။

ကာရေဂါက ”မန်ယူရဲ့ရပ်တည်မှုကလည်း မတည်ငြိမ်သေးဘူး။ ချဲလ်ဆီးကလည်း ပြေးလမ်းချော်နေတယ်။ မန်စီးတီးကတော့ အမှတ်ပေးဇယားဦးဆောင်နေပေမယ့် ရလဒ်ဆိုးတွေကြုံထားတာရှိတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဖလားရဖူးတဲ့အသင်းမဟုတ်ဘူး။ ကွာတားဖိုင်နယ်အထိပဲ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ဒါကြောင့် အခုနှစ်ချန်ပီယံလိဂ်ကနေ စောစောစီးစီးထွက်ခဲ့ရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ အကျိုးရှိနိုင်တယ်။ အခုနှစ် ဆုဖလားသိမ်းချင်ရင် ဒီအချက်ကို သူတို့စဉ်းစားဖို့လိုတယ်။ မန်စီးတီးကလည်း အကောင်းဆုံးအသင်းမဟုတ်ဘူး။ နောက်ရာသီဆိုရင် ချဲလ်ဆီးလည်း ပြန်ကောင်းလာနိုင်တယ်။ အခုအချိန်က အာဆင်နယ်အတွက် အချိန်ကောင်းပဲ။ အာဆင်နယ်ပရီးမီးယားလိဂ်ဖလားရဖို့ လိုတယ်။ ဒါက သူတို့ရဲ့ အဓိကရည်မှန်းချက်ပဲ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!