နိုင်ပွဲရရန် ရုန်းကန်နေရသော်လည်း အတောင့်တင်းဆုံးအသင်းအဖြစ် ရပ်တည်နေဆဲဟု ရီးရဲလ်နည်းပြ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489968208
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဘင်နီတက်ဇ်

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က ရာသီအစပွဲစဉ်များတွင် နိုင်ပွဲရရှိရန် ရုန်းကန်နေရသော်လည်း လာလီဂါ၏အတောင့်တင်းဆုံးအသင်းအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း၊ ချန်ပီယံဆုရရှိရန် လိုအပ်ချက်အနည်းငယ်ကိုသာ ပြင်ဆင်ရန်လိုအပ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

နည်းပြသစ်ဘင်နီတက်ဇ်အနေဖြင့် လာလီဂါပွဲစဉ် ၇ အပြီးအထိ ရှုံးပွဲမရှိရလဒ်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သော်လည်း ၂ ပွဲဆက်သရေရလဒ်ကြောင့် လက်ရှိချန်ပီယံဘာစီလိုနာအသင်းအား အမှတ်ဖြတ်ထားနိုင်မည့်အခွင့်အရေး ဆုံးရှုံးခဲ့သည်။

“အက်သလက်တီကိုနဲ့ပွဲစဉ်မှာ အနိုင်ရရှိဖို့မျှော်လင့်ခဲ့ပေမယ့် ပြိုင်ဘက်ကထိပ်သီးအသင်းဖြစ်လို့ အခက်အခဲတချို့ရှိခဲ့တာကို ၀န်ခံပါတယ်။ ဒါပေမဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကတော့ အကောင်းဆုံးပုံစံရှိနေခဲ့တဲ့အတွက် ကျေနပ်စရာပါ။ အထူးသဖြင့် နိုင်ပွဲရရှိဖို့ ရုန်းကန်နေရတယ်ဆိုပေမယ့် အတောင့်တင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားဆဲပါပဲ” ဟု နည်းပြဘင်နီတက်ဇ်က ဆိုခဲ့သည်။

လက်ရှိလာလီဂါအမှတ်ပေးဇယားတွင် ဗီလာရီးရဲလ်အသင်းနောက် အဆင့် ၂ နေရာ၌ရပ်တည်နေသည့် ရီးရဲလ်အသင်းသည် လာလီဂါတွင်သရေရလဒ်များဆက်တိုက်ထွက်ပေါ်နေခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှက်တာဒိုးနက်၊ မယ်လ်မိုအသင်းများကို အနိုင်ရရှိထားခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲရလဒ် ရယူထားနိုင်သည်။

comments

error: Content is protected !!