ပရိတ်သတ်အချို့၏ အားပေးပုံနှင့် ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် နည်းပြဂတ်ဖရိုင်းဒရစ်မေးခွန်းထုတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Gurd
ဟောင်ကောင်နှင့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် နည်းပြဖရိုင်းဒရစ်ပြောကြားနေစဉ်။

မြန်မာယူ၁၉အသင်းသည် ဟောင်ကောင်ယူ၁၉အသင်းအား ပွဲပြီးဆုံးခါနီးအချိန်တွင်အောင်မိုးသူသွင်းယူသည့်  ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပရိသတ်အချို့၏လုပ်ရပ်နှင့် ပတ်သက်ပြီး နည်းပြ ဂတ်ဖရိုင်းက မေးခွန်း ထုတ်လိုက်သည်။

မြန်မာအသင်းအားပွဲချိန်(၇၂)မိနစ်တွင် ဟောင်ကောင်အသင်းဘက်မှ ဦးဆောင်ဂိုးသွင်းယူပြီးနောက် အိမ်ရှင်ပရိ သတ်တစ်ဦးမှ ကွင်းအတွင်းဝင်ရောက်ခဲ့ခြင်းအတွက်ကြောင့် ပွဲအားခေတ္တရပ်နားခဲ့ရကာ ယင်းကဲ့သို့ ပရိသတ်အ ချို့၏လုပ်ရပ်နှင့် ပတ်သက်ပြီး မြန်မာယူ၁၉နည်းပြ ဂတ်ဖရိုင်းကပြောခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်နှင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် နည်းပြဂတ်ဖရိုင်းဒရစ်က” မြန်မာအသင်းပရိသတ်တွေကို ဘာလို့ အေးအေးဆေးဆေးအားမပေးနိုင်တာလဲလို့ မေးချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဒိုင်ရဲ့ ဆုံး ဖြတ်ချက်တွေကို သဘောမကျပါဘူး။ ဒီလိုကွင်းထဲဝင်လာတဲ့အတွက် အဖွဲ့ချုပ်ကိုပဲ ထိခိုက်စေပြီး ပွဲရဲ့ အဖြေကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး”ဟုပြောခဲ့သည်။

ယခင်ကမြန်မာအသင်း၏ရလဒ်ဆိုးပွဲအချို့တွင် ဆိုးသွမ်းပရိသတ်အချို့မှ ကွင်းအတွင်းသို့အရာဝတ္ထုများဖြင့် ပစ်ခပ်ခြင်း၊ ယမန်နှစ်ကယူ၁၉အသင်း ခြေစစ်ပွဲအောင်စဉ်က မြန်မာအသင်းပရိသတ်များကွင်းအတွင်းသို့ ၀င် ရောက်အောင်ပွဲခံခြင်းများကြောင့် ဘောလုံးအဖွဲ့ချုပ်မှာ ကွင်းပိတ်ပြစ်ဒဏ်ခံခဲ့ရပြီး ယခုခြေစစ်ပွဲအဖွင့်ပွဲစဉ်ဖြစ် သည့် ဘရူနိုင်းနှင့်ပွဲတွင် မြန်မာအသင်းမှာ ပရိသတ်မပါဘဲ ကစားခဲ့ရသည်။

ယခုကဲ့သို့ ပရိသတ်ဝင်ရောက်မှုဖြစ်ပြီးနောက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က” ဘောလုံးကို ချစ်မြတ်နိုးလို့လာအားပေးတာကျေးဇူးတင်ပါတယ်။မြန်မာဘောလုံးပရိသတ်ဟာ အရမ်းစည်းကမ်းရှိခဲ့လို့ စင်ကာပူနိုင်ငံမှာ ဂုဏ်တက်ခဲ့ရပါတယ်။ ရှုံးရှုံးနိုင်နိုင် အားကစားပွဲလိုမျိုးကြည့်မယ့် ပရိသတ်ကိုပဲလိုလား ပါတယ်။ ကွင်းအတွင်းပစ်မယ့်ခတ်မယ့် ပရိသတ်တွေ မလိုလားပါဘူး။ နောက်ဆိုရင် မြန်မာနိုင်ငံမှာ အိမ်ရှင် လျောက်ဖို့တောင် အတော်ခက်ခဲသွားပါပြီ။ မြန်မာနိုင်ငံဟာ အခုလို ပရိသတ်ရဲ့ စည်းကမ်း ဖောက်ဖျက်မှု ကြောင့် သိက္ခာကျရတာလဲ မနည်းတော့ဘူး။ အိမ်ရှင်လုပ်ခွင့်တွေ ဆုံးရှုံးတယ်၊ ဒဏ်ငွေဆောင်ရတယ်။ သူများ အရေးယူခံရတာ ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ပရိသတ်တွေ စည်းကမ်းရှိစွာ အားပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟုပြောကြားခဲ့သည်။

comments

error: Content is protected !!