မြန်မာနှင့်ပွဲတွင် အိမ်ရှင်ပရိသတ်ကြောင့် ဖိအားတစ်ခုဖြစ်လာနိုင်ကြောင်း ဗီယက်နမ်နည်းပြသုံးသပ်
|
အောက်တိုဘာ၎။
အောင်သော်ဖြိုး။
AFC U-19 CHAMPIONSHIP BAHRAIN 2016 QUALIFIERS အုပ်စု(ဆ)ခြေစစ်ပွဲစဉ်တွင် ဗီယက်နမ်ယူ၁၉ အသင်းမှာ အရှေ့တီမောယူ၁၉အသင်းအား (၂-၁)ဂိုးဖြင့်အနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ရန် အကောင်းဆုံးအနေ အထားသို့ရောက်ရှိလာခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာအသင်းနှင့်ပွဲစဉ်တွင် အိမ်ရှင်ပရိသတ် အင်အားမှာ ဖိအားတစ်ခုအဖြစ်ရှိလာမည်ဟု ဗီယက်နမ်အသင်းနည်းပြကပြောလိုက်သည်။
မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ပွဲစဉ်မှာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ရန် အဆုံးအဖြတ်ပေးမည့်ပွဲစဉ် ဖြစ်ပြီး အိမ်ရှင်အသင်းအား လေးလေးစားစားဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဟုယင်းကပြောခဲ့သည်။
ဗီယက်နမ်ယူ၁၉အသင်းနည်းပြက” မြန်မာနဲ့ပွဲမှာ ကစားသမားတွေ အိမ်ရှင်ပရိသတ် ဖိအားရှိမှာပါ။ပြင်ဆင်ချိန် တစ်ရက်ထဲရပေမယ့် အသင်းကို နိုင်လိုစိတ်ကောင်းကောင်းနဲ့ ကစားဖို့တိုက်တွန်းသွားမှာပါ။ မြန်မာအသင်း ကို AFF မှာနိုင်ခဲ့ပေမယ့် အခုမတူတော့ပါဘူး။ ဒါကြောင့် ခြေရည်တူအသင်းတသင်း အနေနဲ့ပဲလေး လေးစားစားယှဉ်ပြိုင်သွားမှာပါ။ တီမောနဲ့ပွဲမှာ မြန်မာအသင်းက အခွင့်အရေးတွေအများကြီး ရခဲ့တယ်။ အကောင်း ဆုံးကစား နိုင်ခဲ့တယ်။တကယ်လဲ တောင့်တင်းတဲ့အသင်း တစ်သင်းပါ။ နှစ်သင်း စလုံးမှာ အုပ်စုတက်ဖို့အတွက် ၅ဝ-၅ဝ တူတူ အခွင့်အရေး ရှိပါတယ်။မြန်မာ နဲ့ပွဲမှာ ညနေပိုင်းယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ရာသီဥတုက နှစ်သင်းလုံး အတွက် အကောင်းဆုံး အနေအထားရှိနိုင်ပါလိမ့်မယ်”ဟုပြောခဲ့သည်။
ဗီယက်နမ်အသင်းအနေဖြင့် တီမောအသင်းကိုအနိုင်ရခဲ့သော်လည်း ရာသီဥတုကြောင့် ကစားအားလျော့ကျသွားခဲ့ ကြောင်း၊နေ့လည်၃နာရီခွဲကစားချိန်မှာ အသင်းအတွက်အခက်အခဲဖြစ်စေကြောင်း၊ မြန်မာအသင်းနှင့်ပွဲစဉ်တွင်မူ ညပိုင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက်ကြောင့် ရာသီဥတုက နှစ်သင်းစလုံးအတွက် အကောင်းဆုံးအနေအထား တွင် ရှိနေလိမ့်မည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောခဲ့သည်။
Next : ပရိတ်သတ်အချို့၏ အားပေးပုံနှင့် ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် နည်းပြဂတ်ဖရိုင်းဒရစ်မေးခွန်းထုတ်