ချဲလ်ဆီးနည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု မော်ရင်ဟို ထုတ်ဖော်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LONDON, ENGLAND - OCTOBER 03:  Jose Mourinho (2nd L) Manager of Chelsea looks on during the Barclays Premier League match between Chelsea and Southampton at Stamford Bridge on October 3, 2015 in London, United Kingdom.  (Photo by Julian Finney/Getty Images)
ဆောက်သမ်တန်အား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မော်ရင်ဟိုနှင့် ၎င်း၏နည်းပြအဖွဲ့အားတွေ့ရစဉ်။

ချဲလ်ဆီးနည်းပြမော်ရင်ဟိုက မိမိအားအသင်းမှ ထုတ်ပယ်ခွင့်ရှိသော်လည်း မိမိကိုယ်တိုင်ရာထူးမှ နုတ်ထွက် မည်မဟုတ်ကြောင်း ပြောလိုက်သည်။
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းမှာ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်တွင် ဆောက်သမ်တန်အား (၃-၁)ဂိုးဖြင့် ရှုံးပြီး အမှတ်ပေးပွဲ(၈)ပွဲကစားပြီးချိန် (၄)ပွဲမြောက် အရှုံးပွဲကိုတွေ့ကြုံခဲ့သည်။
“ကျွန်တော်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောရရင် ပထမအနေနဲ့ ဒီအရှုံးရလဒ်တွေအတွက် ရှောင်ပြေးမှာမဟုတ် ဘူး။ ဒုတိယအနေနဲ့ အသင်းကကျွန်တော့်ကို ထုတ်ပယ်ချင်ရင် ထုတ်ပယ်နိုင်တယ်။ ဒါပေမဲ့ မိမိအနေနဲ့ တာဝန်ယူမှုကနေ ရှောင်ပြေးမှာမဟုတ်ဘူး”ဟု မော်ရင်ဟိုက ပြောလိုက်သည်။
ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲကစားပြီးချိန်တွင် ချဲလ်ဆီးအသင်းမှာ အမှတ်ပေးဇယားဦးဆောင်နေသည့် မန်စီးတီး သင်းနှင့်(၁၀)မှတ်ကွဟလျက်ရှိပြီး အမှတ်ပေးချန်ပီယံဆုကို ကာကွယ်နိုင်ရန်မှာ ခက်ခဲသွားပြီဖြစ် ကြောင်း နည်းပြမော်ရင်ဟိုကိုယ်တိုင် ၀န်ခံခဲ့သည်။
ချဲလ်ဆီးအနေဖြင့် ချန်ပီယံမဖြစ်နိုင်တော့သော်လည်း အမှတ်ပေးဇယားအဆင့်(၄)အတွင်းဝင်ရောက်နိုင်လိမ့် မည်ဟု ပြောခဲ့သည်။

comments

error: Content is protected !!