ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် မိနစ်(၂၀)အတွင်း(၅)ဂိုးသွင်းပြီး အဂူရိုစံချိန်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MANCHESTER, ENGLAND - OCTOBER 03:  during the Barclays Premier League match between XXX and XXX at  (Photo by Dean Mouhtaropoulos/Getty Images)
နယူးကာဆယ်နှင့် ပွဲတွင်(၅)ဂိုးသွင်းခဲ့သည့် အဂူရို အောင်ပွဲခံနေစဉ်

မန်စီးတီးတိုက်စစ်မှူးအဂူရိုသည် နယူးကာဆယ်ကိုအနိုင်ရခဲ့သည့် ပွဲစဉ်တွင် တစ်ဦးတည်းမှ (၂၀)မိနစ်အတွင်း (၅)ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။
ယခင်က တစ်ဦးတည်းမှ (၅)ဂိုးသွင်းယူနိုင်သူများအဖြစ် အင်ဒီကိုးလ်(မန်ယူ)၊ အလန်ရှီးယား(နယူးကာဆယ်)၊ ဒီဖိုး(စပါး)၊ဘာဘာတော့ဗ်(မန်ယူ)တို့ဖြစ်ပြီး အဂူရိုအနေဖြင့် တစ်ပွဲတည်း(၅)ဂိုးသာမကဘဲ အမြန်ဆုံး(၅)ဂိုးသွင်း သူပါဖြစ်လာသည်။
၎င်းအနေဖြင့် (၄၂)မိနစ်မှာပထမဂိုးစတင်သွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့(၅)ဂိုးမြောက်ဂိုးကို (၆၂)မိနစ်မှာသွင်းယူခဲ့ခြင်း ဖြစ်သည်။ အဂူရိုမှ ယင်းကဲ့သို့ မှတ်တမ်းမတင်နိုင်ခင် ဒီဖိုးက (၃၆)မိနစ်အတွင်း(၅)ဂိုးသွင်းခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်က ၀ီဂန်နှင့် ဆုံတွေ့စဉ်သွင်းခဲ့တာဖြစ်သည်။
အဂူရိုမှာ ယင်းပွဲတွင် ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိဘဲ နယူးကာဆယ်နှင့် ပထမပိုင်းအပြီး အနားယူချိန်တွင် ဒဏ်ရာ အားကုသမှုခံယူခဲ့ရကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီး ပယ်လီဂရီနီက”အရမ်းကောင်းမွန်တဲ့ ကုသမှုကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု ရယ်ရွင်ဖွယ်ရာပြုလုပ်ပြောဆိုခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် တစ်ပွဲတည်း(၅)ဂိုးသွင်းသူစာရင်း

aguero

comments

error: Content is protected !!