မန်ယူသို့ မာရှယ်ရောက်ရှိမှုကို အံ့အားသင့်ကြောင်း အာစင်ဝင်းဂါးဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490981850
ချန်ပီယံလိဂ်ပွဲစဉ်ကတွေ့ရသည့် မာရှယ်

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အပြောင်းအရွှေ့နောက်ဆုံးရက်တွင် မန်ယူသို့ တိုက်စစ်မှူးမာရှယ် ရောက်ရှိသွားခြင်းကို အံ့အားသင့်မိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အာဆင်နယ်အသင်းပရိသတ်များအနေဖြင့် တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမ်းမရိတ်စ်ကွင်းသို့ လာရောက်ကစားမည့် မန်ယူတိုက်စစ်မှူးမာရှယ်ကို အသင်းနောက်ခံလူများထိန်းချုပ်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။

မန်ယူအသင်းမှ တိုက်စစ်မှူးမာရှယ်ကို ပေါင် ၃၆ သန်းဖြင့်ခေါ်ယူခဲ့သော်လည်း ယခုအချိန်တွင် အဆိုပါကစားသမား၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၈ သန်းအထိမြင့်တက်ခဲ့ကြောင်းသိရှိရပြီး ၎င်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူအတွက် ၆ ပွဲကစားကာ ၃ ဂိုး ရယူပေးထားသူဖြစ်သည်။

မာရှယ်နှင့်ပတ်သက်၍ အာစင်ဝင်းဂါးက ”သူတို့ မာရှယ်ကိုရောင်းထုတ်ခဲ့တာ ကျွန်တော်အံ့အားသင့်မိတယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးများပြားပေမယ့် မိုနာကိုဘက်က ရောင်းချနိုင်ခဲ့ပါတယ်။ အခုနှစ်ထဲမှာ သူ့ကိုရောင်းထုတ်လိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး။ ဘာလို့လဲဆိုတော့ သူတို့ဘက်က ကစားသမားအများစုရောင်းထုတ်ထားလို့ပါပဲ။ သူတို့ပြောတုန်းက မာရှယ်ကိုမရောင်းဘူးဆိုလို့ ကျွန်တော့်ဘက်ကလည်း ဆက်ထိန်းထားမယ်လို့ ထင်ခဲ့ပါတယ်။ လိုင်ယွန်မှာ မာရှယ်ကစားကတည်းက သူ့ကိုသဘောကျခဲ့တာပါ။ မိုနာကိုကို ယူရို ၅ သန်းကျော်နဲ့ ရောင်းချလိုက်တုန်းကလည်း ကျွန်တော် အံ့သြခဲ့ရပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!