ယူ-၁၉ ဂိုးသမား ဘုန်းသစ္စာမင်း၏ဒဏ်ရာ မစိုးရိမ်ရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
IMG_5902
တီမောနှင့်ပွဲမစတင်မီ ကွင်းတွင်းဝင်လာသည့် ဘုန်းသစ္စာမင်းအားတွေ့ရစဉ်

ရန်ကုန်၊အောက်တိုဘာ ၃။
အောင်သော်ဖြိုး။

မြန်မာ ယူ-၁၉ အသင်းနှင့် တီမော ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် တီမောကစားသမားနှင့် ထိခိုက်မိပြီး မျက်လုံးဒဏ်ရာရရှိခဲ့သည့် ဂိုးသမား ဘုန်းသစ္စာမင်းသည် ဒဏ်ရာမှပြန်လည်သက်သာလာပြီး ဟောင်ကောင်အသင်းနှင့် ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း  မြန်မာ ယူ-၁၉ အသင်း မီဒီယာတာဝန်ခံ ဦးရဲမင်းဝင်း က ပြောသည်။

“ဒဏ်ရာက ပြန်သက်သာလာပါပြီ။ ဒီညနေလေ့ကျင့်ခန်းအစီအစဉ်မှာတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

ဂိုးသမား ဘုန်းသစ္စာမင်းသည် ပွဲချိန် ၄ မိနစ်တွင် တီမောကစားသမား၏ နောက်ခြေထောက်နှင့် ထိခိုက်မိပြီး မျက်လုံးအိမ်လည်သွားကာ ပုံရိပ်များ နှစ်ထပ်ဖြစ်နေခဲ့သည့်အတွက် အရန်ဂိုးသမားနှင့် လူစားလဲခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

တီမောကစားသမားအနေဖြင့် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်သော်လည်း ဒိုင်လူကြီးက ပြစ်ဒဏ်မချမှတ်သည့်အပေါ် မျှတမှုမရှိဟု မြင်သော်လည်း ဘောလုံးပွဲတစ်ပွဲတွင် ဘာမဆိုဖြစ်နိုင်ကြောင်း မြန်မာ ယူ-၁၉ နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်ခ်ျ က ဆိုသည်။

မြန်မာယူ-၁၉ အသင်းသည် ဘရူနိုင်းအသင်းကို ၄-၀ ဖြင့် အနိုင်ရခဲ့သော်လည်း တီမောအသင်းကို ဂိုးမရှိ သရေကျခဲ့သောကြောင့် ခြေစစ်ပွဲ အောင်မြင်ရေးအတွက် လက်ကျန်ပွဲစဉ် ၂ ပွဲဖြစ်သည့် ဟောင်ကောင် နှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိရန်လိုအပ်နေပြီး ဟောင်ကောင်အသင်း နှင့် အောက်တိုဘာလ ၄ ရက်နေ့၊ ဗီယက်နမ်အသင်းနှင့် အောက်တိုဘာ ၆ ရက်နေ့ ညနေ ၆:၃ဝ၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင် ရမည်ဖြစ်သည်။

comments

error: Content is protected !!