ဆန်းဒါးလန်းနည်းပြနှင့်အတူ အားကစားဒါရိုက်တာလည်း နုတ်ထွက်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490122660
မန်ယူကိုအရေးနိမ့်ခဲ့သည့်ပွဲစဉ်က အက်ဗိုကက်ကိုတွေ့ရစဉ်

ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသည့် ဆန်းဒါးလန်းအသင်းမှာ နည်းပြဖြစ်သူအက်ဗိုကတ်နှင့်အတူ အားကစားဒါရိုက်တာမှာလည်း နုတ်ထွက်ဖွယ်ရှိနေသည့်အတွက် အခက်ကြုံနေကြောင်း သိရှိရသည်။

ဆန်းဒါးလန်းအားကစားဒါရိုက်တာအဖြစ် ၁၈ လ တာဝန်ယူထားသည့် ကွန်ဂါတန်မှာ ရာထူးမှနုတ်ထွက်ဖွယ်ရှိသည်ဟု သိရှိရပြီး ချဲလ်ဆီး ကင်းထောက်ချုပ်နှင့် ဟမ်းဘတ် နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သော ၎င်းမှာ အသင်းတွင်း မကျေလည်မှုများ၊ အပြောင်းအရွှေ့ဘတ်ဂျက်ကန့်သတ်မှုများကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းထွက်ပေါ်လျက်ရှိသည်။

ဆန်းဒါးလန်းမှာ ယနေ့ညတွင် ၀က်စ်ဟမ်းနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုပွဲအပြီးတွင် နည်းပြရာထူးမှနုတ်ထွက်ရန် အက်ဗိုကတ်က ဆုံးဖြတ်ထားသည်ဟု ကနဦးသတင်းများက ဖော်ပြခဲ့သည်။

ရာသီအစတွင် တန်းဆန်းဇုန်သို့ရောက်ရှိနေသော ဆန်းဒါးလန်းမှာ အက်ဗိုကက်ထွက်ခွာသွားလျှင် ၎င်း၏နေရာအား ဘန်လေနည်းပြ ရှောင်ဒိုက်စ်၊ နီဂယ်လ်ပီယာဆင်နှင့် ဆမ်အလာဒိုက်စ်တို့အနက်မှ တစ်ဦးဦးဖြင့် အစားထိုးဖွယ်ရှိသည်ဟု သိရှိရပြီး နည်းပြသစ်ခန့်အပ်ဖြစ်ပါက အဲလစ်ရှော့က အသင်းအားပိုင်ဆိုင်ပြီး ၄ နှစ်ကာလအတွင်း ၆ ဦးမြောက်နည်းပြ ခန့်အပ်မှုဖြစ်လာမည်ဖြစ်သည်။

comments

error: Content is protected !!