မက်ဒရစ်ဒါဘီတွင် ဂါရတ်ဘေးလ်နှင့် ရာမို့စ် ပြန်ကစားနိုင်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
481016076
ဇူလိုင်လလေ့ကျင့်ခန်းအစီအစဉ်တစ်ခုတွင်တွေ့ရသည့် ရာမို့စ်နှင့် ဂါရတ်ဘေးလ်

စက်တင်ဘာလအတွင်းက ကစားခဲ့သည့် ရှက်တာဒိုးနက်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မှစကာ အသင်းအတွက် ပါဝင်မကစားနိုင်ခဲ့သည့် ရီးရဲလ်ကစားသမားများဖြစ်သော ဂါရတ်ဘေးလ်နှင့် ရာမို့စ်တို့မှာ မက်ဒရစ်ဒါဘီတွင် ပြန်လည်ပါဝင်လာဖွယ်ရှိနေကြောင်း သိရှိရသည်။

ထိုကစားသမား ၂ ဦးမှာ ရရှိထားသောဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီး ကြံ့ခိုင်မှုအပြည့်ရနေပြီဟုလည်း သိရသည်။

ရှက်တာဒိုးနက်နှင့်ပွဲစဉ်တွင် ဂါရတ်ဘေးလ်မှာ ခြေသလုံးဒဏ်ရာရခဲ့ပြီး ရာမို့စ်မှာ ပခုံးအဆစ်လွဲသွားခဲ့သဖြင့် အနားယူခဲ့ရပြီး ယခုအချိန်တွင် ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်က” ဘေးလ်နဲ့ ရာမို့စ်တို့ ကစားနိုင်ပါပြီ။ သူတို့နဲ့ စကားပြောပြီးပါပြီ။ သူတို့ အခြေအနေကောင်းနေသလို ပြန်ကစားချင်နေကြပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!