လီဗာပူးပရိသတ်တွေ အကောင်းမြင်ရမယ့် အချက် ၅ ချက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490120562
ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် စတာရစ်ခ်ျ(ယာ)နှင့် ဒန်နီအင့်စ်

၂၀၀၉ ခုနှစ်တုန်းက ချန်ပီယံ လိဂ်ပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ်ကို ၁-၀ နဲ့ အဝေးကွင်းနိုင်ပွဲ ရယူအပြီးမှာ လီဗာပူးဟာ ဥရောပရဲ့ ထိပ်တန်း ကလပ် အဖြစ် တရားဝင် သတ်မှတ်ခံ ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ည ကတော့ လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ဆွစ်စူပါလိဂ်မှာ အဆင့် ၇ နဲ့ ရာသီသိမ်း ခဲ့တဲ့ အသင်း ကို အိမ်ကွင်း မှာ ၁-၁ နဲ့သာ သရေကျ ခဲ့တာကြောင့် အသင်း ပရိသတ်တွေ ဘက်က ဝေဖန်သံတွေ ညံလာခဲ့ပါတယ်။

အဲဒီတော့ ဒီအချိန်မှာ လီဗာပူး ပရိသတ်တွေ အကောင်းမြင်ရမယ့် အချက် ၅ ချက်ကို စာရင်းပြုစု လိုက်တာ အချိန်ကောင်းဖြစ် မယ် ထင်ပါတယ်။

ဒန်နီရယ်စတာရစ်ခ်ျ
ဗီလာနဲ့ ပွဲတုန်းက ၂ ဂိုးသွင်း ခဲ့တဲ့ အတွက် စတာရစ်ခ်ျဟာ ပွဲထွက် ကစားသမား အဖြစ် ၅၇ ပွဲ ကစားခဲ့ရာမှာ ၃၇ ဂိုးသွင်း ယူနိုင်တဲ့ စံချိန်ရ သွားပြီး သူ့ရဲ့တစ်ပွဲ ပျမ်းမျှ သွင်းဂိုး က ၀.၆၅ ဂိုး ရှိနေပါ တယ်။ စတာရစ်ခ်ျ ဟာ ပရီးမီယား လိဂ် သမိုင်းမှာ လီဗာပူးရဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် လည်း တရားဝင် ရပ်တည်နေ ပါတယ်။ ဆွာရက်ဇ် (၀.၆၃ ဂိုး)၊ တောရက်စ်(၀.၆၄ ဂိုး) တို့နဲ့ယှဉ်ရင် စတာရစ်ခ်ျရဲ့ မှတ်တမ်းက မဆိုးဘူးလို့ ပြောရမယ့် အဆင့် ထက် ပိုပါတယ်။ ဘောလုံးလောက မှာ တိုက် စစ်မှူးတွေ အနေနဲ့ ဗီလာလို အသင်းမျိုးကို အိမ်ကွင်းမှာ ၂ ဂိုးသွင်းနိုင်တဲ့ အရည်အချင်း မျိုး ရှိချင် မှာဖြစ်ပြီး ဒီအင်္ဂလန် တိုက်စစ်မှူးက ရော့ဂျာ အတွက် အဲဒီလို စွမ်းရည် မျိုး ပေးစွမ်းနိုင် ပါတယ်။ လီဗာပူး အတွက် သတင်းကောင်း ကတော့ ဒဏ်ရာပြဿ နာတွေနဲ့ ရုန်းကန် ခဲ့ရပြီး တဲ့နောက် မှာ ခေတ် သစ်ဘောလုံးလော ကရဲ့ ဂိုးသွင်း အကောင်း ဆုံး လီဗာပူး တိုက်စစ်မှူးက ပြန်က စားနိုင်ဖို့၊ ဂိုး သွင်းနိုင် ဖို့ အသင့် ရှိနေပြီ ဆိုတာ ပါပဲ။

ဆာခို
လီဗာပူး နည်းပြရော့ဂျာ ဟာ လီဗာပူး ပရိသတ်တွေ ခေါင်းရှုပ်စေ ရမယ့် ကိစ္စတွေ အများကြီး လုပ်နေ ပါတယ်။ အဲဒီ ထဲကမှ အဆိုးဆုံး ကတော့ ရာသီ အစမှာ ဒီဂျန် လပ်ဗ်ရန် ကို ဆာခို ထက်ပိုပြီး ပုံမှန်နေ ရာပေးခဲ့မှုပါပဲ။ သူ့ရဲ့အဲဒီလို လုပ်ဆောင်ချက်ဟာ ရာသီ အစ ပေးဂိုး မရှိပွဲစဉ် ၃ ပွဲကြောင့် အံ့သြ စရာဖြစ် ခဲ့ပေမယ့် ၀က်စ်ဟမ်း ကို အိမ်ကွင်း မှာ ၃ ဂိုးပြတ် ရှုံးတဲ့အခါ မှာတော့ လဗ်ရန်ရဲ့ အနေအထားက မသေချာမှုနဲ့ ရင်ဆိုင်ရ ပါတော့တယ်။ ဘော်ဒိုးနဲ့ ကစားတဲ့ ယူရို ပါလိဂ် ပွဲစဉ်မှာ အသင်းခေါင်းဆောင် အဖြစ် ပြန်လည် ပွဲထွက် လာတဲ့ ဆာခိုဟာ ပွဲစဉ် အလိုက် အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ အပြင် လက်ရွေးစင် နည်းပြဒက်ချမ့်က လည်း ပြင်သစ် အသင်း အတွက် ပြန်လည်ခေါ်ယူ လိုက် ပါတယ်။ အခု ဆိုရင်တော့ ပြင်သစ်နောက် ခံလူဟာ လဗ်ရန် ဒဏ်ရာ ရနေခြင်း နဲ့အတူ လီဗာပူးနောက် တန်းမှာ ဆက်လက် အစွမ်းပြနေ ဦးမှာပါ။

ဒန်နီအင့်စ်
အသင်း တစ်သင်း ကျဆုံးနေတဲ့ အချိန်မှာ အနည်းဆုံး အနေနဲ့ အားကြိုး မာန်တက် ကစားနိုင်တဲ့ ကစားသမား တစ်ယောက်တော့ လိုအပ်ပါ တယ်။ ဘော လုံးနောက်ပြေး လိုက်မယ့်သူ၊ အမြဲတမ်း လှုပ်ရှားနေ မယ့်သူ၊ နေရာလွတ် ဖန်တီးပေးမယ့် သူမျိုးပါ။ လီဗာပူး အသင်းမှာတော့ ဒန်နီအင့်စ် ဆိုတဲ့ ဒီကစားသမား ဟာ အခု ထက်ပိုပြီး ဂိုးပို သွင်းနိုင် ရင်တော့ အသင်း အတွက် အကောင်း ဆုံး ထူးခြား မှုတွေဖြစ် လာမှာပါ။ ၇ ပွဲမှာ ၂ ဂိုးပဲ သွင်းထားလို့ စတာရစ်ခ်ျလို့ အဆင့် မရှိဘူးလို့ အကြမ်း ဖျင်းကောက်ချက် ဆွဲနိုင်ပေမယ့် အဲဒီ ၇ ပွဲမှာ ၃ ပွဲက အရန် အဖြစ် လူစားဝင် ကစားခဲ့တာပါ။ လီဗာပူးဟာ တစ်ချိန် တစ်ခါတုန်းက ဂိုးဆာလောင် တဲ့ကစား သမားတွေ မွေးထုတ်ပေးတဲ့ အသင်းအဖြစ် နာမည်ကြီးခဲ့ တဲ့ အသင်းဖြစ် သလို အခုအချိန် မှာလည်း အဲဒီ နာမည်ကောင်းကို ဒန်နီအင့်စ်က ဆက်လက် ထိန်းသိမ်းပေး ဖွယ်ရှိနေ ပါတယ်။

ဖီးလစ်ကော်တင်ညို
ကျွန်တော်တို့ ဘ၀တွေမှာ ချစ်ခင်ရတဲ့ သူတွေ ရှိဖို့ လိုအပ်ပါတယ်။ လီဗာပူး ပရိသတ်တွေ အတွက်တော့ စတာရစ်ခ်ျ၊ ဆာခိုနဲ့ ဒန်နီအင့်စ် တို့ဟာ သဘောကျစရာ ကစား သမားတွေဖြစ်ပေ မယ့် သူတို့ ချစ်ခင် ရသူလို့ နာမည်တပ်လို့ ရတာကတော့ တစ်ယောက်ပဲ ရှိပါတယ်။ အဲဒါကတော့ ဖီးလစ်ကော် တင်ညို ပါပဲ။ သူ့မှာ တိကျ တဲ့ ကန်ချက်တွေ ရှိတယ်။ လိုအပ် လာရင် ပွဲပြီးဖို့ ၅ မိနစ် အတွင်းမှာ အလှည့် အပြောင်းဖြစ်စေ တဲ့ဂိုးတွေကို လည်း သွင်းယူနိုင် သူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဘရာဇီး အသင်းဖော် ရောဘတ်တို ဖာမီနိုကိုတောင် လီဗာပူးမှာ လာကစားဖို့ ကမ်းလှမ်း ခဲ့သူဖြစ် တာကြောင့် လီဗာပူး အတွက် သူ့စိတ် ဓာတ်က အကောင်းဆုံး အနေ အထားမှာ ရှိနေတယ်လို့ ဆိုရပါမယ်။

အန်ဖီးလ်ကွင်းတိုးချဲ့မှု
စီစဉ်ထားတဲ့ အတိုင်းပြီး စီးခဲ့ရင် ၂၀၁၆-၁၇ ရာသီမှာ လီဗာပူးဟာ ယာဂင် ကလော့ပ် ဦးဆောင်တဲ့ အသင်းကို အိမ်ကွင်းမှာ ပိုမိုလာတဲ့ ထိုင်ခုံ အရေ အတွက် ၉၀၀၀ နဲ့ ကစား ခွင့်ပြုနိုင် မှာဖြစ်ပါ တယ်။ အဲဒီ အချိန်မှာ ရွှေဘောလုံး ဆုရှင် စတာရစ်ခ်ျက ပရိသတ် ၅၄၀၀၀ ကို လက်ဝှေ့ ယမ်းပြပြီး လီဗာပူး သူရဲကောင်း သစ် ပေါ့ဂ်ဘာကို လည်း ပရိသတ်တွေ က အားပေးကြ ပါလိမ့်မယ်။ ဒီအချက်တွေဟာ စိတ်ကူး ယဉ်ဆန်ပေမယ့် လီဗာပူးရဲ့ အိမ်ကွင်း တိုးချဲ့မှု ကတော့ အသင်း ၀င်ငွေတိုး ပွားစေ မှာဖြစ်ပြီး ပရီးမီးယား လိဂ်ပြိုင်ဘက် အသင်းတွေနဲ့ ဘဏ္ဍာရေး အရ ပခုံးချင်း ယှဉ်နိုင်မှာပါ။ အန်ဖီးလ် ကွင်းရဲ့ ၀င်ဆံ့ ပရိသတ် ဦးရေဟာ တဖြည်းဖြည်းနဲ့ ၆၀၀၀၀ နားကပ် လာမှာပါ။ အားလုံး အဆင်ပြေရင်တော့ လီဗာပူးဟာ ချန်ပီယံလိဂ် ၀င်ခွင့်ပြန်ရ မှာဖြစ်ပြီး ၂၀၀၅ အစ္စတန် ဘူလ် ချန်ပီယံ လိဂ်ဖိုင်နယ်ကို ကလေး ဘ၀ မှာကြည့် ခဲ့ရတဲ့ကစား သမားတွေကို ခေါ်ယူစာ ချုပ်မှာဖြစ်သလို ၁၉၉၀ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပရီးမီယား လိဂ်ဖလားကို သိမ်းပိုက်နိုင် မှာပါ။ အဲဒီ အချိန် မှာတော့ ချဲလ်ဆီးနဲ့ မန်စီးတီး အသင်းတွေကို ပရိသတ်တွေက ငြီးငွေ့နေ မှာဖြစ် သလို မန်ယူ ကလည်း တိုက်စစ်မှူး မာရှယ်ကို ရီးရဲလ် ဆီ ရောင်း ထုတ်ပြီးဖြစ်နေ ပါလိမ့်မယ်။

Ref: Football365 (မူရင်းဆောင်းပါးအား ဆီလျော်အောင်ပြန်ဆိုသည်)

comments

error: Content is protected !!