နှလုံးခွဲစိတ်မှုခံယူပြီးနောက် လစ်ခ်ျစတိန်နာ ၁ လ နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
474529004
ပြီးခဲ့သည့်ရာသီက မိသားစုနှင့်အတူတွေ့ရသော လစ်ခ်ျစတိန်နာ

ဂျူဗင်တပ်နောက်ခံလူ စတီဖင်လစ်ခ်ျစတိန်နာမှာ အသက်ရှုခက်ခဲမှုကြောင့် နှလုံးခွဲစိတ်မှုခံယူခဲ့ပြီး ၁ လကြာ အနားယူရမည်ဟု သိရှိရသည်။

ဆွစ်ဇာလန်လက်ရွေးစင် ထိုကစားသမားမှာ ပြီးခဲ့သည့်တစ်ပတ်စီးရီးအေပွဲစဉ်တွင် အသက်ရှုခက်ခဲသည့်ဝေဒနာ ခံစားခဲ့ရသည်။ ထို့ကြောင့် ၎င်းသည် နောက်တစ်ရက်တွင် ဆေးစစ်ဆေးမှုခံယူပြီးနောက် အထူးကုများက ၎င်းအား ခွဲစိတ်ကုသမှုခံယူရန် လမ်းညွှန်ခဲ့သည်။

လစ်ခ်ျစတိန်နာသည် သောကြာနေ့က ခွဲစိတ်မှုခံယူခဲ့ပြီး ရက် ၃၀ အတွင်း ပြန်လည်ကစားနိုင်မည်ဟု မျှော်လင့်ရသည်။

၂၀၁၁ ခုနှစ်က စီးရီးအေပြိုင်ဘက် လာဇီယိုမှ ဂျူဗင်တပ်သို့ရောက်ရှိလာသော လစ်ခ်ျစတိန်နာမှာ ယခုရာသီတွင် အသင်းအတွက် ၆ ပွဲ ကစားပေးထားသည်။

comments

error: Content is protected !!