လီဗာပူး သို့မဟုတ် နယူးကာဆယ်ကို တာဝန်ယူလိုသည်ဟု ဖရန့်ဒီဘိုးဝါးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490450824
ဟော်လန်ပြည်တွင်းပွဲစဉ်တစ်ခုတွင် တွေ့ရသည့် ဖရန့်ဒီဘိုးဝါး

ဟော်လန်ကလပ်အေဂျက်အသင်းနည်းပြ ဖရန့်ဒီဘိုးဝါးက ပရီးမီးယားလိဂ်တွင် နည်းပြအဖြစ်တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ထားပြီး လီဗာပူးနှင့် နယူးကာဆယ်အသင်းနည်းပြရာထူးမှာ ကောင်းမွန်သည့်ရာထူးများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီဘိုးဝါးမှာ အေဂျက်အသင်းကို ၂၀၁၀ ခုနှစ်မှစ၍ တာဝန်ယူနေသူဖြစ်ပြီး ဟော်လန်အမှတ်ပေးဖယားချန်ပီယံ ၄ ကြိမ်ဆွတ်ခူးပေးခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်တွင် စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်လိုသည်ဟု ပြောကြားထားသည်။

အဆိုပါနည်းပြက “ကျွန်တော် ဘောလုံးရာသီတိုင်းမှာ အင်္ဂလန်ရပ်ဝန်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါတယ်။ စိန်ခေါ်မှုအသစ်တွေကိုရှာဖွေနေတဲ့ ကျွန်တော့်ကို လီဗာပူး ဒါမှမဟုတ် နယူးကာဆယ်တို့က စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော့်အရည်အချင်းနဲ့ ပိုကောင်းတဲ့အသင်းတွေဖြစ်အောင် ကြိုးပမ်းပေးနိုင်မယ်ထင်တယ်။ ဒီအခွင့်အရေးရခဲ့မယ်ဆိုရင် ကျွန်တော်လက်ခံမှာပါ။ ဒီ ၂ သင်းလုံးဟာ ကြီးကျယ်ခမ်းနားတဲ့အသင်းတွေပါပဲ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!