စုံစမ်းစစ်ဆေးမှုရုပ်သိမ်းပေးလိုက်၍ အက်ဖ်အေကို ချဲလ်ဆီးဆရာဝန်ဟောင်းဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
483402718
မော်ရင်ညိုနှင့် ဆေးအဖွဲ့ကြား ပြဿနာဖြစ်စေခဲ့သည့် ဟာဇက်၏ဒဏ်ရာရရှိမှု

ချဲလ်ဆီးအသင်းဆရာဝန် ကာနဲရိုးထွက်ခွာသွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ချဲလ်ဆီးနည်းပြမော်ရင်ညိုအပေါ်စုံစမ်းစစ်ဆေးမှုအား အက်ဖ်အေက ရုပ်သိမ်းပေးလိုက်သည့်အတွက် အဆိုပါဆရာဝန်က အက်ဖ်အေအား ဝေဖန်ပြောကြားလိုက်သည်။

ချဲလ်ဆီးမှထွက်ခွာခဲ့ပြီးနောက် ပထမဆုံးအဖြစ် ဒေါက်တာကာနဲရိုးကပြောကြားရာတွင်”အက်ဖ်အေက စာနယ်ဇင်းတွေကတစ်ဆင့် ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးခဲ့တယ်ဆိုတာ သိရတော့ အရမ်းအံ့သြမိပါတယ်။ ကျွန်မကိုလည်း ထွက်ဆိုချက်လာပေးဖို့ အက်ဖ်အေက မတောင်းဆိုခဲ့ဘူး။ တကယ့်အဖြစ်အပျက်မှာပါဝင်ခဲ့သူတွေရဲ့ ထွက်ဆိုချက်ကိုမယူဘဲ စုံစမ်းစစ်ဆေးတယ်ဆိုတာ ဒီနိုင်ငံမှာ တကယ်ရှိနေတာလား တွေးနေမိပါတယ်။ သက်သေအထောက်အထားတွေကို လျစ်လျူရှုတဲ့အတွက် စုံစမ်းစစ်ဆေးမှုရလဒ်ကလည်း လွှမ်းမိုးခံရမှုရှိတယ်ဆိုတာ ပြောစရာမလိုပါဘူး”ဟု ဖွင့်ဟခဲ့သည်။

အက်ဖ်အေပြောခွင့်ရပုဂ္ဂိုလ်ကမူ”ဒေါက်တာကာနဲရိုးဆီက ဘာအချက်အလက်၊ ဘာကန့်ကွက်စာမှမရခဲ့ပါဘူး။ သူ့မှာ အထောက်အထားတွေရှိတယ်၊ တိုင်ကြားချင်တယ်ဆိုရင် ကျွန်တော်တို့ဘက်က ကြိုဆိုပါတယ်။ အဲဒီလမ်းကြောင်းက ဖွင့်ထားပေးပါတယ်”ဟု ပြန်လည်ပြောကြားခဲ့သည်။

comments

error: Content is protected !!