ဘာစီလိုနာလူစာရင်းတွင် ဂိုးသမားဘရာဗို ပြန်လည်ပါဝင်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490403696
ချန်ပီယံလိဂ်လေ့ကျင့်ခန်းအစီအစဉ်တွင်ပါဝင်ခဲ့သည့် ဘရာဗို

ဘာစီလိုနာအသင်းဂိုးသမားဘရာဗိုမှာ ပြီးခဲ့သည့်သြဂုတ်လနှောင်းပိုင်းမှစ၍ တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် အနားယူခဲ့ရပြီးနောက် ယခုအချိန်တွင် ပြန်လည်ပါဝင်ခွင့်ရနိုင်တော့မည်ဖြစ်ကြောင်း နည်းပြအန်းနရစ်က ဆီဗီလာနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

အသက် ၃၂ နှစ်ရှိ ချီလီဂိုးသမားမှာ ဘာစီလိုနာအသင်း၏ ဦးစားပေးဂိုးသမားဖြစ်ခဲ့သော်လည်း ၎င်းမပါဝင်နိုင်ခဲ့သည့်အချိန်တွင် ပွဲထွက်ကစားနေသော တာစတီဂျန်လက်စွမ်းပြနေသောကြောင့် ပွဲထွက်ခွင့်ပြန်လည်ရရှိရန် မသေချာကြောင်း သိရှိရသည်။

ဘာစီလိုနာလူစာရင်းတွင် ဘရာဗိုပြန်လည်ပါဝင်နိုင်ခြင်းနှင့် ပတ်သက်၍ ”ဘရာဗိုပြန်လည်ပါဝင်နိုင်ပါပြီ။ ဆီဗီလာနဲ့ပွဲမှာ သူမပါဝင်နိုင်ခဲ့ဘူးဆိုရင်တော့ အဲဒါက အသင်းနည်းဗျူဟာကြောင့်ပဲဖြစ်ပါတယ်”ဟု နည်းပြအန်းနရစ်က ပြောကြားခဲ့သည်။

နောက်ဆက်တွဲသတင်းများအရ မက်ဆီ၊ အင်နီယေစတာတို့မှာ ဒဏ်ရာပြဿနာကြောင့် လွဲချော်မည်ဖြစ်ပြီး ရာဖင်ညာ၊ ဗာမယ်လန်နှင့် အက်ဒရီယာနိုတို့သည်လည်း ဆီဗီလာနှင့်ပွဲအတွက် ပါဝင်ရန်မသေချာကြောင်း သိရှိရသည်။

comments

error: Content is protected !!