ဖီဖာစပွန်ဆာများက ဘလတ္တာကို ရာထူးမှနုတ်ထွက်ရန် တွန်းအားပေး
|
ပြီးခဲ့သည့်ဇူလိုင်လက ရုရှားတွင်တွေ့ရသည့် ဘလတ္တာ
ဖီဖာဥက္ကဋ္ဌဆပ်ဘလတ္တာအား ဖီဖာ၏အဓိကစပွန်ဆာများဖြစ်သော ကိုကာကိုလာ၊ ဗီဇာ၊ ဘက်ဝိုက်ဆာနှင့် မက်ဒေါ်နယ်လ်တို့က ချက်ချင်းနုတ်ထွက်ရန် တိုက်တွန်းတောင်းဆိုလိုက်သည်။
အဆိုပါကုမ္ပဏီ ၄ ခု သည် ကုမ္ပဏီတစ်ခုချင်းစီ ကြေညာချက်များထုတ်ပြန်ပြီး ဘလတ္တာအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ကိုကာကိုလာက ကြေညာချက်ဦးစွာထုတ်ပြန်ခဲ့ပြီး “ဖီဖာ၏ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုများ နေ့စဉ်ထိခိုက်နေ”ဟု ထည့်သွင်းရေးသားခဲ့ကာ မက်ဒေါ်နယ်လ်ကလည်း ဘလတ္တာနုတ်ထွက်လိုက်ခြင်းသည် “အကောင်းဆုံးဖြစ်မည်” ဟု ထည့်သွင်းကြေညာခဲ့သည်။
အသက် ၇၉ နှစ်အရွယ် ဘလတ္တာကို ဆွစ်ဇာလန်နိုင်ငံက ရာဇ၀တ်ပြစ်မှုဖြင့်စွဲချက်တင်ထားသော်လည်း ၎င်းကမူ မိမိ၏လုပ်ရပ်များတွင် အမှားမရှိကြောင်းနှင့် ရာထူးမှနုတ်ထွက်မည်မဟုတ်ဟု ဆိုထားသည်။
Prev : လီဗာပူးပရိသတ်တွေ အကောင်းမြင်ရမယ့် အချက် ၅ ချက်
Next : ယူ-၁၉ ဂိုးသမား ဘုန်းသစ္စာမင်း၏ဒဏ်ရာ မစိုးရိမ်ရ
Next : ယူ-၁၉ ဂိုးသမား ဘုန်းသစ္စာမင်း၏ဒဏ်ရာ မစိုးရိမ်ရ