မြန်မာ ယူ-၁၉ အသင်း ပိုကောင်းလာဟု ဘရူနိုင်းနှင့်ပွဲအပြီးတွင် ဗီယက်နမ်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12074705_607490682723081_4968759778376365946_n
ပွဲအပြီးသတင်းရှင်းလင်းပွဲတွင်တွေ့ရသည့် ဗီယက်နမ်နည်းပြ

အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(G)၏ အောက်တိုဘာ ၂ ရက်နေ့ ပထမပွဲစဉ်အဖြစ် သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ဗီယက်နမ်နှင့် ဘရူနိုင်းပွဲစဉ်တွင် ဗီယက်နမ်အသင်းက ခြေအသာဖြင့်ကစားပြီး ၅ ဂိုးပြတ်အနိုင်ရရှိသွားခဲ့သည်။

ထိုပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဗီယက်နမ်နည်းပြက ” အခုနိုင်ပွဲကို အရမ်းပျော်ပါတယ်။ ဒါပေမယ့် ဘရူနိုင်းအသင်းက အရမ်းတောင့်တင်းတဲ့အသင်းမဟုတ်ပါဘူး။  လာမယ့်တီမောနဲ့ပွဲအတွက် အာရုံစိုက်ထားပါတယ်။ အသင်းက ကစားကွက်ကောင်းပေမယ့် အမှားလေးတွေလုပ်နေတုန်းပါ။
လက်ရှိဗီယက်နမ်အသင်းကို အာဆီယံ ယူ-၁၉ ပြိုင်ပွဲအပြီး ၁ဝ ရက်စခန်းသွင်းလေ့ကျင့်ပြီး စုဖွဲ့ထားတာပါ။ ဗီယက်နမ်အသင်းရဲ့ အဓိကပစ်မှတ်က ဘာရိန်းပြိုင်ပွဲကို သွားခွင့်လက်မှတ်ရဖို့ပါ။ လက်ရှိအသင်းမှာ အာဆင်နယ်အကယ်ဒမီက ကစားသမား ၃ ဦးပါလာပါတယ်။ သူတို့က ကျောနံပါတ် ၁၂၊ ၁၆ နဲ့ ၁၉ တွေကို ၀တ်ဆင်ကစားနေပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာအသင်းနှင့်ပတ်သက်၍လည်း ၎င်းက “မြန်မာအသင်းကို ကျွန်တော်တို့ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတုန်းက အနိုင်ရခဲ့တယ်ဆိုပေမယ့် သူတို့အသင်း ပိုပြီးကောင်းလာပါတယ်။ ရတဲ့အချိန်မှာ ပြင်ဆင်မှုတော်တော်များများ လုပ်လာနိုင်တာ တွေ့ရတယ်။ မြန်မာအသင်းက အိမ်ရှင်ဖြစ်နေတဲ့အတွက် သူတို့ကလည်း ကျွန်တော်တို့နည်းတူ ခြေစစ်ပွဲအောင်မြင်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ ကျွန်တော့်ရည်မှန်းချက်ကလည်း ခြေစစ်ပွဲအောင်မြင်ဖို့ပါ”ဟု ဆိုသည်။

ဘရူနိုင်း ယူ-၁၉ နည်းပြကလည်း ယခုရှုံးပွဲနှင့်ပတ်သက်ပြီး ” ဒီနေ့ပွဲမှာ ဗီယက်နမ်အသင်းဆီက အများကြီးသင်ယူလိုက်ရပါတယ်။ နောက်ပြီး ဂိုးသမားတစ်ယောက်ရဲ့ အရေးပါပုံကိုလည်း ပိုသိလာရတယ်။ ရှေ့ ၂ ပွဲဆက် ရှုံးထားတဲ့အတွက် အသင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးနေခဲ့ပါတယ်။ လူငယ်တွေနဲ့ တည်ဆောက်ထားတဲ့အတွက် သူတို့ အတွေ့အကြုံရဖို့ ပိုပြီးဦးစားပေးသွားမှာပါ” ဟု ဆိုကာ အုပ်စုအင်အားကြီး ဗီယက်နမ်၊ မြန်မာတို့နှင့်ပတ်သက်၍ “ကျွန်တော့်အမြင်ပြောရရင် ဗီယက်နမ်က မြန်မာထက် ပိုကောင်းပါတယ်။ သူတို့က တစ်ဦးချင်း၊ အသင်းလိုက် ကစားပုံပိုကောင်းပါတယ်။ ဒါပေမဲ့ မြန်မာအသင်းကလည်း ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေးရှိပါတယ်။ ဗီယက်နမ်နဲ့တွေ့မယ့်ပွဲစဉ်မှာလည်း မြန်မာအသင်းအနိုင်ရရှိစေဖို့ ကျွန်တော်ဆုမွန်ကောင်းတောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!