အာဆင်နယ်မှာ ပရီးမီးယားလိဂ်၏နည်းစနစ်အကြွယ်ဝဆုံးအသင်းဟု မန်ယူနည်းပြသုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
459417934
ယမန်နှစ်ကပွဲစဉ်တွင်အတူတွေ့ရသည့် ဗန်ဟားလ်နှင့် အာစင်ဝင်းဂါး

ပရီးမီးယားလိဂ်ပွဲစဉ် ၈တွင် ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမည့် အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်သည်နှင့်အညီ နည်းစနစ်ပိုင်းအကြွယ်ဝဆုံးအသင်းတစ်သင်းဖြစ်ကြောင်း မန်ယူနည်းပြဗန်ဟားလ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိအမှတ်ပေးဇယားအားဦးဆောင်နေသည့် မန်ယူအသင်းသည် ဂန္ထ၀င်နည်းပြဟောင်းဖာဂူဆန်အနားယူခဲ့ပြီးနောက် ဇယားထိပ်ပိုင်းတွင်ပြန်လည်ရပ်တည်နိုင်ခဲ့သည့်အချိန်၌ နည်းပြဗန်ဟားလ်အနေဖြင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

“အာဆင်နယ်အသင်းမှာ ထိပ်တန်းကစားသမားအများကြီးမရှိပေမယ့် အဆင့်တစ်ဆင့်မှာ ရပ်တည်နေနိုင်ခဲ့တာက နည်းပြ၀င်းဂါးရဲ့နည်းဗျူဟာတွေကြောင့်လို့ပြောလို့ရပါတယ်။ အထူးသဖြင့် အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ရဲ့နည်းစနစ်ပိုင်းအကြွယ်ဝဆုံးအသင်းတစ်သင်းပါ။ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်မှုနဲ့အတူ ချန်ပီယံလိဂ်နိုင်ပွဲပြန်လည်ရရှိခဲ့ပေမယ့် အာဆင်နယ်ပွဲက အစဉ်အလာတွေအတိုင်း အခက်အခဲဆုံးပွဲစဉ်ဖြစ်လာနိုင်တယ်ဆိုတာ လက်ခံပါတယ်”ဟု ဗန်ဟားလ်က ဆိုခဲ့သည်။

ထို့ပြင် နည်းပြဗန်ဟားလ်က ၎င်းအနေဖြင့် အမှတ်ပေးဇယားဦးဆောင်ခွင့်ရရှိရန် စွမ်းဆောင်ပေးထားနိုင်၍ ကျေနပ်အားရမိကြောင်းနှင့် ပရီးမီးယားလိဂ်ထိပ်သီးနည်းပြများဖြစ်သည့် ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့၏ နည်းဗျူဟာများနှင့်မတူညီသည့် နည်းစနစ်ပိုင်းများဖြင့် အသင်းအား တာဝန်ယူကိုင်တွယ်နေကြောင်း ဖွင့်ဟခဲ့သည်။

comments

error: Content is protected !!