ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဗီလာတိုက်စစ်မှူး ထရာအိုရီ ရုန်းကန်နေရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485212572
Captial One ဖလားပွဲစဉ်က ထရာအိုရီအား တွေ့ရစဉ်

ဗီလာအသင်းတိုက်စစ်မှူးထရာအိုရီမှာ ပြီးခဲ့သည့်ဝက်စ်ဘရွန်းနှင့်ယှဉ်ပြိုင်ခဲ့သောပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သောကြောင့် စတုတ်စီးတီးနှင့်ကစားမည့်ပွဲ၌ ပြဿနာတစ်ရပ်ဖြစ်နိုင်ကြောင်း နည်းပြတင်ရှားဝုဒ်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ တိုက်စစ်မှူးထရာအိုရီဒဏ်ရာပြဿနာနှင့် ရုန်းကန်နေရချိန်တွင် တိုက်စစ်မှူးအဘွန်လဟော်သည်လည်း ခြေသလုံးကြွက်သားဒဏ်ရာရရှိနေသောကြောင့် ပြီးခဲ့သည့်လီဗာပူးနှင့်ပွဲစဉ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့ချေ။ ထို့အတူ ကွင်းလယ်လူဂူရီသည်လည်း တံကောက်ကြောဒဏ်ရာမှပြန်လည်သက်သာစေရန် ကုသမှုခံယူနေရပြီး လာမည့်ပွဲများတွင်ပြန်လည်ပါဝင်နိုင်ရေး ဗီလာအသင်းမှ မျှော်လင့်လျက်ရှိသည်။

ှဗီလာအသင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲကစားပြီးချိန်တွင် နိုင်ပွဲ ၁ ပွဲသာရရှိထားပြီး နောက်ဆုံး ၃ ပွဲဆက် အရေးနိမ့်ထားသောကြောင့် အမှတ်ပေးဇယား၌ တန်းဆင်းဇုန်ဖြစ်သော အဆင့် ၁၈ နေရာသို့ရောက်ရှိနေကာ စတုတ်စီးတီးအသင်းသည်လည်း ရလဒ်ဆိုးများဖြင့် ဗီလာနှင့် ၂ မှတ်အကွာ အဆင့် ၁၇ နေရာတွင်ရပ်တည်နေသဖြင့် ယခုပွဲမှာ တန်းဆင်းဇုန်တိုက်ပွဲဖြစ်လာခဲ့သည်။

ယခုပွဲနှင့်ပတ်သက်၍ ဗီလာအသင်းနည်းပြတင်ရှားဝုဒ်က ”အခုပွဲက ကျွန်တော်တို့အတွက် အရမ်းစောတဲ့ တန်းဆင်းဇုန်တိုက်ပွဲဖြစ်နေပါတယ်။ ရမှတ်ပြန်လည်ရှာဖွေရမယ့်ပွဲလည်း ဖြစ်နေတယ်။ လူငယ်တွေနဲ့ တည်ဆောက်ထားတဲ့ အသင်းဖြစ်လို့ ရလဒ်ကောင်းမယ်လို့ယုံကြည်တယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!