နည်းပြရာထူးအတွက် အေစီမီလန်အသင်းနှင့်ပွဲတွင် အနိုင်ရရှိရန်လိုအပ်ကြောင်း နာပိုလီနည်းပြ ၀န်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488896064
ယူရိုပါလိဂ်ပွဲစဉ်တွင်တွေ့ရသည့် ဆာရီ

နာပိုလီနည်းပြ ဆာရီက ယူရိုပါလိဂ်အုပ်စုဒုတိယပွဲစဉ်တွင် ပိုလန်ကလပ်လီဂီယာဝါဆောအသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့သည့်အသင်းစိတ်ဓါတ်ကို ပြန်လည်ရရှိခဲ့ကြောင်း၊ ရလဒ်ကောင်း အချို့ရယူနိုင်ခဲ့သော်လည်းနည်းပြအဖြစ်ဆက်လက်တာဝန်ယူခွင့်ရရှိရန်အတွက် အေစီမီလန်နှင့်ပွဲတွင် အနိုင်ရရှိရန်လိုအပ်ကြောင်း ၀န်ခံပြောကြားခဲ့သည်။

စီးရီးအေပွဲစဉ် ၆ အပြီးတွင် နိုင်ပွဲ ၂ ပွဲ သာရရှိခဲ့သည့်အတွက် ပရိသတ်အချို့၏ဝေဖန်မှုခံနေရသည့် နည်းပြဆာရီမှာ အသင်းလူစာရင်းကို အရဲစွန့်ပြောင်းလဲအသုံးပြုနေကြောင်းလည်း ထုတ်ဖော်ပြောကြားထားခဲ့သည်။

“၀ါဆောနဲ့ပွဲစဉ်မှာအသင်းသားတွေရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို ပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ ကစားကွက်အပြောင်းအလဲတချို့ပြုလုပ်ခဲ့တယ်ဆိုပေမယ့် ရလဒ်ကောင်းရယူနိုင်ခဲ့တဲ့လို့ ကျေနပ်မိပါတယ်။ ဒါပေမဲ့ နည်းပြရာထူးကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လိဂ်ပွဲစဉ်တွေမှာ နိုင်ပွဲဆက်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အေစီမီလန်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရဖို့ပိုပြီးအရေးကြီးပါတယ်”ဟု နည်းပြဆာရီက ဆိုခဲ့သည်။

နာပိုလီအသင်းသည် စီးရီးအေတွင် ရလဒ်ကောင်းရရှိရန် ရုန်းကန်နေရသော်လည်း ယူရိုပါလိဂ်တွင်ရာနှုန်းပြည့်နိုင်ပွဲရရှိထားခြင်းကြောင့် နည်းပြသစ်ဆာရီအနေဖြင့် ရာထူးမှထုတ်ပယ်ခံရဖွယ်မရှိကြောင်း အီတလီမီဒီယာများကဖော်ပြလျက်ရှိသည်။

comments

error: Content is protected !!