ဇက်ကိုနှင့် ဆာလာတို့ကို ရိုးမားအပြီးသတ်ခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
484016416
ဇက်ကို(၀ဲ)နှင့် ဆာလာ(ယာ)တို့ကို ရိုးမားအသင်းခေါင်းဆောင်တော့တီနှင့်အတူ တွေ့ရစဉ်

စီးရီးအေကလပ် ရိုးမားအသင်းတွင် အငှားဖြင့်သွားရောက်ကစားနေသော မန်စီးတီးတိုက်စစ်မှူးဇက်ကိုနှင့် ချဲလ်ဆီးတောင်ပံကစားသမား ဆာလာတို့ကို အပြီးသတ်လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း ရိုးမားက အတည်ပြုထုတ်ပြန်ခဲ့သည်။

အဆိုပါစီးရီးအေကလပ်မှာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီအချိန်တွင် အငှားကစားသမား ၃ ဦးခေါ်ယူခဲ့ပြီးနောက် ကစားသမားများနှင့်တွေ့ဆုံကာ စာချုပ်ချုပ်ဆိုရန်သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုအပြီးသတ်စာချုပ်နှင့်ပတ်သက်၍ ”မန်စီးတီးမှ ဇက်ကို၊ ချဲလ်ဆီးမှ ဆာလာ၊ ဂျီနိုအာမှ ဖယ်လ်ကီတို့၏ လက်မှတ်ရေးထိုးမှုသည် ၂၀၁၄-၁၅ နွေရာသီအပြောင်းအရွှေ့ကာလအတွက် အရေးကြီးသော သဘောတူညီချက်များဖြစ်ခဲ့သည်။ အဆိုပါကစားသမားများ၏ ကနဦးသဘောတူညီမှုမှာယာယီသာဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် စာချုပ်ချုပ်ဆိုရန်တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် အချိန်ကြာမြင့်စွာကစားနိုင်မည့်သူများအဖြစ် အပြီးသတ်သဘောတူညီချက်ရရှိခဲ့သည်”ဟု ရိုးမားအသင်းဝက်ဆိုက်မှဖော်ပြသွားခဲ့သည်။

ဆာလာမှာ ပြီးခဲ့သည့်ဇန်န၀ါရီအပြောင်းအရွှေ့တွင် ချဲလ်ဆီးအသင်းမှထွက်ခွာ၍ ဖီအိုရင်တီးနားသို့အငှားသွားရောက်ကစားခဲ့ပြီးနောက် စာချုပ်ပျက်ပြယ်မှုနှင့်အတူ ရိုးမားအသင်းသို့ရောက်ရှိခဲ့သူဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူးဇက်ကိုမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိရန်အတွက် ရိုးမားသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

comments

error: Content is protected !!