ဘိုင်ယန်အတွက် ရော်ဘင် မကြာမီပြန်လာမည်ဟု ဂွါဒီယိုလာပြောကြား
|
ပေါင်ခြံကြွက်သားဒဏ်ရာရရှိထားသော ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားရော်ဘင်မှာ မကြာမီကာလတွင် အသင်းနှင့်ပြန်လည်ပွဲထွက်လာနိုင်သည်ဟု နည်းပြဂွါဒီယိုလာက ပြောကြားသွားခဲ့သည်။
ရော်ဘင်မှာ စက်တင်ဘာလ ၃ ရက်နေ့က ဟော်လန်လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားပေးခဲ့သည့်ပွဲ၌ အဆိုပါပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယခုအချိန်မှာ ရော်ဘင်၏ ဒဏ်ရာမှာတိုးတက်ကောင်းမွန်လာခဲ့ပြီး တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်သော်လည် ရာနှုန်းပြည့်ကြံ့ခိုင်မှုမရရှိသေးသဖြင့် တနင်္ဂနွေနေ့တွင် ဒေါ့မွန်နှင့်ကစားမည့်ပွဲ၌ ပါဝင်ရန်မသေချာကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ရော်ဘင်၏ ဒဏ်ရာပြဿနာနှင့်ပတ်သက်၍ ”အသင်းလိုက်လေ့ကျင့်ခန်းအစီအစဉ်မှာတော့ ရော်ဘင်မပါဝင်နိုင်သေးပါဘူး။ သူ့ရဲ့အခြေအနေကို ကျွန်တော်စောင့်ကြည့်နေပါတယ်။ သူပြန်ကောင်းဖို့တော့ နီးစပ်လာပါပြီ။ ဒါပေမဲ့ ဒေါ့မွန်နဲ့ပွဲမှာ ပြန်ကစားနိုင်မလားဆိုတာတော့ ကျွန်တော်မသိသေးပါဘူး”ဟု နည်းပြဂွါဒီယိုလာက ပြောကြားခဲ့သည်။
ထို့အပြင်အဆိုပါနည်းပြက နောက်ခံလူဘားနက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဒိုင်နမိုဇာဂရက်ကို အနိုင်ရခဲ့သည့်ပွဲတွင် ဒဏ်ရရှိခဲ့သော်လည်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနိုင်သည်ဟု ထင်မြင်ကြောင်းပြောကြားခဲ့သည်။
Next : မြန်မာ ယူ-၁၉ ကစားပုံကို နည်းပြကျေနပ်