အမှတ်ပေးဇယားကို မန်ယူဦးဆောင်နေမှုအား ဂရုစိုက်မည်မဟုတ်ဟု ပယ်လီဂရီနီ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490732658
ချန်ပီယံလိဂ်ပွဲစဉ်ကတွေ့ရသည့် ပယ်လီဂရီနီ

မန်စီးတီးအသင်းနည်းပြပယ်လီဂရီနီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို မန်ယူဦးဆောင်နေမှုအား ဂရုစိုက်မည်မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။

မန်စီးတီးအသင်းသည် ၀က်စ်ဟမ်း၊ စပါးတို့နှင့်ပွဲတွင် ရှုံးပွဲကြုံပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူနေရာကို နိုင်ပွဲဆက်ခဲ့သည့် မန်ယူထံ လွှဲပြောင်းပေးခဲ့ရသည်။

သို့သော် မန်စီးတီးနည်းပြပယ်လီဂရီနီက အမှတ်ပေးဇယားကို မန်ယူဦးဆောင်ခြင်းကို စိတ်ပူပန်နေမည်မဟုတ်ဘဲ ဘောလုံးရာသီပြီးဆုံးချိန်တွင် မည်သည့်အသင်းအမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်မည်ဆိုသည်ကိုသာ စဉ်းစားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

နယူးကာဆယ်နှင့် စနေနေ့တွင်ရင်ဆိုင်ရမည့် မန်စီးတီးအသင်းနည်းပြပယ်လီဂရီနီက ”ဘယ်အသင်း အမှတ်ပေးဇယားထိပ်ကိုရောက်နေတယ်ဆိုတာ တွေးနေမှာမဟုတ်ဘူး။ ကျွန်တော်တို့တွေးထားတာက အသင်းခြေစွမ်းကောင်းဖို့နဲ့ ဘောလုံးရာသီသိမ်းမယ့် မေလရောက်ရင် ဘယ်အသင်း အမှတ်ပေးဇယားကို ဦးဆောင်မလဲဆိုတာပါပဲ။ အိမ်ကွင်းပွဲတွေမှာ ရမှတ်မဆုံးရှုံးဖို့က အရေးကြီးပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ပယ်လီဂရီနီက အသင်းခေါင်းဆောင်ကွန်ပနီ၏ ကြံ့ခိုင်မှုနှင့်ပတ်သက်၍ ”သူပြဿနာက ကြွက်သားဒဏ်ရာဖြစ်နေတယ်။ ဘယ်လ်ဂျီယံအတွက် မကစားနဲ့လို့ ကျွန်တော်မပြောလည်း သူကစားနိုင်ဦးမှာမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!