တံကောက်ကြောဒဏ်ရာကြောင့် နောက်ခံလူကိုစီရယ်နီ ၃ ပတ်ခန့်အနားယူရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490567644
ဒဏ်ရာရရှိပြီးကွင်းပြင်ထွက်လာသည့် ကိုစီရယ်နီ

အာဆင်နယ်အသင်းဗဟိုခံစစ်မှူး ကိုစီရယ်နီမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပြီးခဲ့သည့်အင်္ဂါနေ့တွင်ကစားခဲ့သော အိုလံပီယာကို့စ်နှင့်ပွဲ၌ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် အနည်းဆုံး ၃ ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပြင်သစ်နောက်ခံလူမှာ အိုလံပီယာကို့စ်နှင့်ပွဲတွင် ဒုတိယပိုင်း ၅၇ မိနစ်၌ ဒဏ်ရာရရှိခဲ့သောကြောင့် မာတီဆက်ကာနှင့်လူစားလဲခဲ့ရကာ နည်းပြအာစင်ဝင်းဂါးက အသေးစားထိခိုက်မှုထက်ပိုခဲ့သည်ဟု ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

ယခုဒဏ်ရာပြဿနာကြောင့် ကိုစီရယ်နီမှာ လက်ရွေးစင်ပြင်သစ်အသင်း၏ ယူရို-၂၀၁၆ ပြိုင်ပွဲမတိုင်မီယှဉ်ပြိုင်လျက်ရှိသော ခြေစွမ်းပွဲများဖြစ်သည့် အာမေးနီးယား၊ ဒိန်းမတ်တို့နှင့်ယှဉ်ပြိုင်မည့် အောက်တိုဘာလ ၉ ရက်နှင့် ၁၂ ရက်နေ့ပွဲများကို လွဲချော်ရတော့မည်ဖြစ်သည်။

အာဆင်နယ်အသင်းမှာ ရလဒ်ကောင်းပြန်လည်ပိုင်ဆိုင်ရန်ကြိုးပမ်းနေချိန်တွင် ကိုစီရယ်နီဒဏ်ရာရခဲ့ခြင်းကြောင့်ထိုးနှက်ချက်ဖြစ်ခဲ့ပြီး မာတီဆက်ကာမှာလည်း အဖျားဝေဒနာနှင့် အသေးစားကားမတော်တဆမှုဖြစ်ခဲ့ခြင်းအပါအ၀င် ဂါဘရီရယ်သည်လည်း ဒီယေဂိုကော်စတာနှင့်ဖြစ်ခဲ့သည့်အချင်းများမှုကြောင့် ပွဲပယ်ပြစ်ဒစ်ထိကာ မန်ယူနှင့်ပွဲကို လွဲချော်ရမည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါဗဟိုခံစစ်နေရာတွင် ချမ်ဘားကိုသာ ထည့်သွင်းအသုံးပြုရန် ကျန်ရှိနေပြီး ဖယ်လိုင်နီ၊ အာတီတာတို့မှာလည်း မန်ယူနှင့်ပွဲကို လွဲချော်မည်ဖြစ်ကာ ကိုကွီလင်မှာမူ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် နီးစပ်နေကြောင်းသိရသည်။

comments

error: Content is protected !!