ပုံမှန်နေရာအတွက် ရွန်နီ့ကို အာမခံချက်မပေးနိုင်ဟု ဟော့ဒ်ဆန်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487316542
ဆွစ်ဇာလန်နှင့်ပွဲစဉ်က ဟော့ဒ်ဆန်နှင့် ရွန်နီမျက်နှာဖုံးစွပ်ထားသည့် အင်္ဂလန်ပရိသတ် ၂ ဦး

ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ်များတွင် မန်ယူအသင်းအတွက် ၁ ဂိုးသာ သွင်းယူထားနိုင်သည့် တိုက်စစ်မှူးရွန်နီမှာ အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်လာခဲ့သော်လည်း လက်ရွေးစင်နည်းပြဟော့ဒ်ဆန်က ရွန်နီအတွက် အင်္ဂလန်အသင်းတွင် ပွဲထွက်နေရာအား အာမခံချက်မပေးနိုင်ဟု သတိပေးလိုက်သည်။

ပြီးခဲ့သည့်လက ကစားခဲ့သော ဆွစ်ဇာလန်နှင့်ပွဲတွင် နိုင်ငံတကာသွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့သည့် ရွန်နီနှင့်ပတ်သက်ပြီး ဟော့ဒ်ဆန်က” ကျွန်တော်ရော ရွန်နီပါ ဘောလုံးလောကထဲ ရောက်နေတာကြာပါပြီ။ မင်းအတွက် ပွဲထွက်နေရာသေချာတယ်လို့ သူ့ကိုပြောလိုက်ရင် သူက ကျွန်တော့်ကို အမှားအရမ်းများတဲ့လူလို့ သတ်မှတ်ပါလိမ့်မယ်။ သူ့ဘက်ကလည်း အာမခံချက်ရဖို့ မျှော်လင့်ထားမှာမဟုတ်သလို တစ်ယောက်ယောက်က ကျွန်တော့်ကို ပွဲထွက်နေရာအတွက် အာမခံချက်လာတောင်းရင်လည်း ကျွန်တော်စိတ်တိုမိမှာပါ။ ဘယ်သူမှလည်း အဲဒီလို မတောင်းခဲ့ဖူးပါဘူး”ဟု ပြောကြားခဲ့သည်။

သို့သော်ဟော့ဒ်ဆန်က ရွန်နီမှာ သွင်းဂိုးများပျောက်ဆုံးနေသော်လည်း ပုံမှန်နေရာအား ချက်ချင်းဖယ်ပေးရမည့်အန္တရာယ်မရှိဟု ဆိုသည်။ “လောလောဆယ်တော့ အဲဒီလိုနေ့ရက် မရောက်သေးပါဘူး။ သူသာ ခြေစွမ်းကောင်းကောင်းပြနိုင်ရင် ပုံမှန်နေရာဆက်ရမှာပါ။ ဒါပေမဲ့ အာမခံချက်တော့ မရှိပါဘူး” ဟု ဟော့ဒ်ဆန်က ပြောကြားခဲ့သည်။

comments

error: Content is protected !!