မာဆေးဆိုက်ဒါဘီပွဲနှင့်ပတ်သက်၍ ဖိအားမရှိကြောင်း လီဗာပူးနည်းပြ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490628924
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ရော့ဂျာ

လီဗာပူးအသင်းနည်းပြရော့ဂျာက ယူရိုပါလိဂ်ပြိုင်ပွဲအဖြစ် ဆီယွန်နှင့်ကစားခဲ့သည့်ပွဲတွင် သရေကျခဲ့သော်လည်း မာဆေးဆိုက်ဒါဘီပွဲအဖြစ် အဲဗာတန်နှင့်ကစားမည့် တနင်္ဂနွေပွဲစဉ်အတွက် ယုံကြည်မှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးနည်းပြရော့ဂျာမှာ အသင်းအိမ်ကွင်း အန်ဖီးလ်တွင်ကစားခဲ့သော ဆီယွန်နှင့်ပွဲ၌ နိုင်ပွဲမရခဲ့သောကြောင့် လှောင်ပြောင်ခံခဲ့ရပြီး ဖိအားများနှင့်ရင်ဆိုင်နေရသည်။

သို့သော် အဆိုပါနည်းပြက အဲဗာတန်နှင့်ကစားရမည့်ပွဲအတွက် ယခုအချိန်ထိ မည်သည့်ဖိအားမှ ခံစားရခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ရော့ဂျာက ”ပွဲတိုင်းက အတူတူပါပဲ။ အဲဗာတန်နဲ့ပွဲအတွက် ဘာဖိအားမှမရှိပါဘူး။ ကျွန်တော်တို့ ပင်ပင်ပန်းပန်းကြိုးစားခဲ့တဲ့ပွဲတွေမှာ အနိုင်ရခဲ့သင့်ပါတယ်။ ကျွန်တော်တို့ရပ်တည်မှုက အမှတ်ပေးဇယားအောက်ဆုံးရောက်သွားနိုင်သလို ထိပ်ဆုံးကိုလည်းရောက်နိုင်ပါတယ်။ ဘယ်လိုဖိအားမျိုးကမှ ကျွန်တော့်အပေါ်မှာရော ကစားသမားတွေကိုပါ သက်ရောက်မှုမရှိလို့ ဘာကိုမှ စိတ်မလှုပ်ရှားဘူး”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!