ပရီးမီးယားလိဂ်၏ ချန်ပီယံလိဂ်ဝင်ခွင့် ၄ နေရာအား စီးရီးအေက လွှဲပြောင်းရယူရန် နီးစပ်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490563358
ပေါ်တိုကို ဒုတိယဂိုးပေးလိုက်ရပြီးနောက် စိတ်ပျက်နေသည့် ချဲလ်ဆီးမှ ကော်စတာနှင့် ဖာဘရီဂတ်စ်

လက်ရှိ ၂၀၁၅-၁၆ ဘောလုံးရာသီဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်ပရီးမီးယားလိဂ်ကိုယ်စားပြုကလပ်အသင်းများအနေဖြင့် ရလဒ်များဆိုးရွားနေခဲ့သည့်အတွက် ယင်းအသင်းများရရှိထားသည့် ချန်ပီယံလိဂ်ဝင်ခွင့် ၄ နေရာအား စီးရီးအေအသင်းများထံ လွှဲပြောင်းပေးရရန် နီးစပ်နေပြီဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြလျက်ရှိသည်။

အင်္ဂလန်ပရီးမီးယားလိဂ်အသင်းများအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တိုက်ရိုက် ၃ နေရာနှင် ရှုံးထွက် ၁ နေရာတို့ကို ရရှိထားခဲ့ပြီး ခြေစွမ်းကျဆင်းခဲ့သည့် အီတလီစီးရီးအေအသင်းများမှာမူ တိုက်ရိုက်ဝင်ခွင့် ၂ နေရာနှင့် ရှုံးထွက် ၁ နေရာတို့ကိုသာ ရယူထားနိုင်ခဲ့သည်။

သို့သော် စီးရီးအေကိုယ်စားပြုအသင်းများအနေဖြင့် ပြီးခဲ့သည့်နှစ်ပြိုင်ပွဲနှင့် ယခုနှစ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများပြန်လည်ရရှိလာခဲ့သည့်အတွက် ပရီးမီးယားလိဂ်အသင်းများရရှိခဲ့သည့် ၀င်ခွင့်နေရာကိုရရှိရန် နီးစပ်လာခဲ့ခြင်းဖြစ်သည်။

ဥရောပချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ်အဆင့်သတ်မှတ်မှုတွင် အင်္ဂလန်ပရီးမီးယားလိဂ်အသင်းများက  ရမှတ် ၆၆ ဒသမ ၄၀၉ ရရှိထားပြီး စီးရီးအေအသင်းများက ရမှတ် ၆၂ ဒသမ ၉၃၉ ရရှိထားခြင်းကြောင့် ယခုကဲ့သို့အခွင့်အရေးရရှိရန် နီးစပ်နေခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် အီတလီစီးရီးအေအသင်းများအနေဖြင့် ရလဒ်ကောင်းများဆက်လက်ရရှိခဲ့ပါက ၂၀၁၇-၁၈ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ၄ နေရာအား ပြန်လည်သိမ်းပိုက်နိုင်မည်ဖြစ်သည်။

comments

error: Content is protected !!