ဆန်းဒါးလန်းကို လျှော့မတွက်ရန် ၀က်စ်ဟမ်းနည်းပြဘီလစ်သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490793836
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဘီလစ်

ဝက်စ်ဟမ်းနည်းပြဘီလစ်က စနေနေ့တွင်ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် ပြိုင်ဘက်အသင်းအား လျှော့မတွက်ရန် အသင်းသားများကို သတိပေးပြောကြားလိုက်သည်။

ဝက်စ်ဟမ်းအသင်းမှာ လက်ရှိအချိန်တွင် အဝေးကွင်းရလဒ်ကောင်းများရရှိထားပြီး လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီးတို့ကို အဝေးကွင်းများတွင် အနိုင်ရရှိထားသည်။ ဆန်းဒါးလန်းအသင်းမှာမူ ရာသီအစရလဒ်များဆိုးရွားနေသဖြင့် အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေသောအသင်းဖြစ်သည်။

သို့သော် ဘီလစ်က ၄ ပွဲဆက်အနိုင်ရရန်ကြိုးပမ်းမည့် ၎င်း၏အသင်းသားများကို “အဝေးကွင်းမှာနိုင်ခဲ့တဲ့ ၃ ပွဲက စနေနေ့ပွဲအတွက် ဘာမှမဟုတ်တဲ့ရလဒ်တွေပါ။ ဘာကြောင့်လဲဆိုတော့ ဆန်းဒါးလန်းကို လွယ်လွယ်ကူကူကစားနိုင်မယ်ထင်နေရင် အဲဒီအတွေးကို ရပ်ပစ်ဖို့ လိုအပ်လို့ပါပဲ။ ကျွန်တော်တို့မှာ ယုံကြည်ချက်မြင့်မားနေပေမယ့် အရမ်းခက်ခဲတဲ့ပွဲကို ကစားရမှာပါ။ ဆန်းဒါးလန်းကစားတဲ့ပွဲတွေကို ကြည့်ခဲ့ပြီးပါပြီ။ သူတို့ရလဒ်မကောင်းပေမယ့် တချို့ပွဲတွေက ကံဆိုးလွန်းလို့သာ အဲဒီလိုဖြစ်ရတာပါ။ သူတို့အသင်းရှေ့တန်းမှာကလည်း အရမ်းကောင်းတဲ့ကစားသမားတွေရှိပါတယ်” ဟု သတိပေးခဲ့သည်။

ဝက်စ်ဟမ်းအသင်းတွင် တိုက်စစ်မှူးအန်နာဗလင်စီယာ ပါဝင်နိုင်ဦးမည်မဟုတ်ဘဲ အိုဘွန်နာမှာလည်း ဒဏ်ရာကြောင့်လွဲချော်မည်ဖြစ်ကာ အန်ဒီကာရိုးနှင့် ၀င်စတန်ရိဒ်တို့မှာလည်း ပါဝင်ကစားနိုင်ဦးမည်မဟုတ်ချေ။

comments

error: Content is protected !!