လာလီဂါသို့ အဂူရိုပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490708686
ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် အဂူရို

မန်စီးတီးအသင်း၏အဓိကတိုက်စစ်မှူး အဂူရိုသည်လာမည့်ဘောလုံးရာသီသစ်တွင် စပိန်လာလီဂါသို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာသည့်နှင့်တပြိုင်နက် စပိန်ထိပ်သီးအသင်းကြီးများဖြစ်သည့် ရီးရဲလ်၊ ဘာစီလိုနာအသင်းများထံ ရောက်ရှိဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများ ကဖော်ပြခဲ့ကြသည်။

ရုပ်သံတင်ဆက်သူအဖြစ်တာဝန်ယူဆောင်ရွက်နေသည့် အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်သူပေါလ်စခိုးလ်က အဂူရို၏ အပြောင်းအရွှေ့မှာဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေကြောင်း၊ မန်စီးတီးအသင်းအနေဖြင့် ယခုနှစ်အတွင်းချန်ပီယံလိဂ်အောင်မြင်မှုမရရှိခဲ့ပါက အဂူရိုမှာ အသင်းကိုစွန့်ခွာဖွယ်ရှိနေကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အဂူရိုအား စိတ်ဝင်စားနေသည့်အသင်းများတွင် ရီးရဲလ်၊ ဘာစီလိုနာအသင်းတို့အပြင် ဂျာမနီထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်ကြောင်းသိရှိရသည်။

comments

error: Content is protected !!