ပွဲဆက်ကစားရခြင်းကြောင့် ကစားသမားများပွဲပန်းခဲ့သည်ဟု ဗန်ဟားလ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490710302
ဝုဖ်ဘတ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ကတွေ့ရသည့် ဗန်ဟားလ်

မန်ယူအသင်းနည်းပြဗန်ဟားလ်က ၁၈ ရက်အတွင်း ၆ ပွဲကစားခဲ့ရခြင်းကြောင့် အသင်းကစားသမားများပွဲပန်းခဲ့ရသည်ဟု ပြောကြားသွားခဲ့သည်။

ဗန်ဟားလ်၏ မန်ယူအသင်းမှာ ပြီးခဲ့သည့်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မာတာ၊ စမောလင်းတို့၏ သွင်းဂိုးများဖြင့်အနိုင်ရခဲ့ပြီးနောက် ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် အာဆင်နယ်အသင်းအိမ်ကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပွဲဆက်ကစားရမှုနှင့်ပတ်သက်၍ ဗန်ဟားလ်က ”ပွဲတွေ ဆက်တိုက်ကစားနေရလို့ ကစားသမားတွေလည်း တော်တော်ပွဲပန်းနေကြတယ်။ နိုင်ပွဲတွေရဖို့ကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ ဂိုးတွေသွင်းယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ပွဲပြီးတဲ့အချိန်မှာ လူရောစိတ်ရော ပင်ပန်းလွန်းခဲ့ပါတယ်။ အာဆင်နယ်က ကျွန်တော်တို့ထက် စောကစားခဲ့လို့ တစ်ရက်ပိုပြီး ပြင်ဆင်ချိန်ရပါတယ်။ အဲဒါက သူတို့အတွက် အကျိုးဖြစ်စေခဲ့ပေမယ့် ကျွန်တော်တို့ကလည်း နိုင်ပွဲရအောင် ကစားမှာပါ”ဟု ပြောကြားခဲ့သည်။

မန်ယူတောင်ပံကစားသမားမာတာကလည်း ၀ုဖ်ဘတ်နှင့်ပွဲတွင် နည်းပြဗန်ဟားလ်မှ ပင်နယ်တီကန်သွင်းရမည့်လူစာရင်းတွင်ထည့်သွင်းခဲ့ပြီး ဂိုးအဖြစ်ရယူနိုင်ခဲ့သည့်အတွက် ယုံကြည်မှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

comments

error: Content is protected !!