အိုလံပီယာကို့စ်ကို အရေးနိမ့်ပြီးနောက် ဂိုးသမားအော့စ်ပီနာ ပွဲထွက်ခွင့်ဆုံးရှုံးဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490557916
ချန်ပီယံလိဂ်ပွဲစဉ်တွင် အိုလံပီယာကို့စ်၏ပထမသွင်းဂိုးအား ခွင့်ပြုလိုက်ရသည့် အော့စ်ပီနာ

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အိုလံပီယာကို့စ်နှင့်ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်အသင်းဂိုးသမားအော့စ်ပီနာမှာ စွမ်းဆောင်ရည်ကျဆင်းခဲ့သောကြောင့် နည်းပြအာစင်ဝင်းဂါးမှ ပီတာချက်ကို ဦးစားပေးဂိုးသမားအဖြစ် ပြန်လည်ပွဲထွက်ခွင့်ပေးနိုင်ကြောင်း သိရှိရသည်။

အဆိုပါပွဲတွင် ပီတာချက်အစား အော့စ်ပီနာကို ပွဲထုတ်ခဲ့သဖြင့် နည်းပြအာစင်ဝင်းဂါးဆုံးဖြတ်ချက်များမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။ အိုလံပီယာကို့စ်အသင်း၏ ဒုတိယမြောက်သွင်းဂိုးမှာ အော့စ်ပီနာ၏ မှားယွင်းမှုကြောင့် ပေးခဲ့ရခြင်းဖြစ်ပြီး ပွဲအပြီးတွင် ၃-၂ ဖြင့် အာဆင်နယ်အသင်းအရေးနိမ့်ခဲ့ရသည်။

အာဆင်နယ်အတွင်းသတင်းများအရ ဂိုးသမားအော့စ်ပီနာကို ပွဲထွက်ခွင့်ပေးခဲ့သည့် နည်းပြအာစင်ဝင်းဂါးအပေါ် အသင်းကစားသမားများဘက်မှလည်း အံ့အားသင့်ခဲ့ရကြောင်း သိရှိရသည်။

ဂိုးသမားအော့စ်ပီနာလက်စွမ်းကျဆင်းနေသောကြောင့် ချဲလ်ဆီးနှင့်အတူ ချန်ပီယံလိဂ်ပွဲစဉ်များစွာ ကစားပေးခဲ့သော ပီတာချက်မှာ အာဆင်နယ်ပွဲထွက်ဂိုးသမားအခွင့်အရေးပြန်ရနိုင်ကြောင်းနှင့် ချန်ပီယံလိဂ်အုပ်စုတတိယပွဲစဉ်ဖြစ်သည့် ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင်လည်း ပါဝင်ခွင့်ရနိုင်ကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအနေဖြင့် ဂိုးသမားများကို အလှည့်ကျစနစ်ဖြင့်ပွဲထွက်ကစားစေရန် ပြင်ဆင်ထားပြီး အိုလံပီယာကို့စ်နှင့်ကစားခဲ့သည့်ပွဲ၌ ရှုံးပွဲကြုံမှုနှင့်ပတ်သက်၍ အော့စ်ပီနာအပေါ် ပြစ်တင်ပြောဆိုရန် ငြင်းပယ်ထားကြောင်း သိရှိရသည်။

comments

error: Content is protected !!