ခြေစစ်ပွဲအောင်ရေး ဗီယက်နမ်နှင့် ပွဲမတိုင်မီ ၉မှတ်ရယူရန်လိုအပ်ဟု မြန်မာ ယူ-၁၉ နည်းပြချုပ် ပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
myanmar coach
မြန်မာယူ၁၉အသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျအား ဘရူနိုင်းနှင့် သတင်းစာရှင်းလင်းပွဲအပြီးတွင် တွေ့ရစဉ်။

ရန်ကုန်၊အောက်တိုဘာ ၁။

အောင်သော်ဖြိုး။

မြန်မာယူ-၁၉အသင်းနေဖြင့် အာရှယူ-၁၉ ခြေစစ်ပွဲ အုပ်စုအဆင့်ကျော်ဖြတ်နိုင်ရေးအတွက် အဓိကပြိုင်ဘက် ဗီယက်နမ် အသင်းနှင့် ပွဲစဉ်မတိုင်မီ ကစားရမည့် ၃ပွဲလုံး အနိုင်ရရန်လိုအပ်သည်ဟု ဘရူနိုင်းအသင်းကိုအနိုင်ရခဲ့သည့်ပွဲစဉ်တွင် သတင်းစာရှင်းလင်းပွဲတွင်မြန်မာ ယူ-၁၉ နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်ခ်ျ ကဆိုသည်။

မြန်မာအသင်းအနေဖြင့် ဘရူနိုင်း၊ တီမော၊ ဟောင်ကောင်အသင်းတို့ကို အနိုင်ရမှသာလျှင် အဓိကပြိုင်ဘက် ဗီယက်နမ်အသင်းကို စိတ်ဓာတ်ပိုင်း အသာစီးဖြင့် ကစားနိုင်မည်ဟု မြန်မာနည်းပြက ပြောဆိုသည်။

ဗီယက်နမ် ယူ-၁၉ အသင်းသားများသည် တွဲဖက်ကစားသည့်ကာလမှာ ကြာမြင့်နေပြီဖြစ်သည့် အပြင်အာဆင်နယ်အကယ်ဒမီမှ ကစားသမားအချို့လည်း ပါဝင်လာသည်ဟု သိရသည့်အတွက် မြန်မာအသင်း အနေဖြင့် ဗီယက်နမ်အသင်းကို ခက်ခဲစွာ ကျော်ဖြတ်ရမည်ဟု ဂတ်ဖရိုင်းဒရစ်က ပြောဆိုခဲ့ဖူးသည်။

မြန်မာအသင်း ဘရှုနိုင်းပွဲစဉ်တွင် အနိုင်ရခဲ့သည်မှာ မှန်သော်လည်း ခြေစွမ်းကို အားမရသေးကြောင်း နှင့် မြန်မာအသင်း ဘရူနိုင်းပွဲစဉ်တွင် ထောင့်ကန်ဘော ၂၂ကြိမ် အထိရခဲ့သော်လည်းဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသည့်အတွက် တီမောအသင်းနှင့် ပွဲစဉ်တွင် အပြောင်းအလဲ အနည်းငယ်ပြုလုပ်မည်ဟု နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျ က ဆိုသည်။

မြန်မာအသင်းသည် အောက်တိုဘာ ၂ရက်နေ့တွင် တီမောအသင်း၊ ၄ရက်နေ့တွင် ဟောင်ကောင်အသင်း နှင့် ၆ရက်နေ့တွင် ဗီယက်နမ်အသင်းတို့ နှင့်တွေ့ဆုံရမည်ဖြစ်ကာ မြန်မာအသင်းပွဲစဉ်များကို MRTV – ENTERTAINMENT ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် တီမောအသင်း နှင့် အောက်တိုဘာ ၂ရက်နေ့ ညနေ ၆:၃ဝ အချိန် သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်အတွက် အထူးတန်းလက်မှတ် ၃ဝဝဝကျပ်၊ ရိုးရိုးတန်း လက်မှတ် ၁ဝဝဝကျပ် သတ်မှတ်ထားသည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

comments

error: Content is protected !!