ပေါ်တိုကိုအရေးနိမ့်ခဲ့သဖြင့် အသင်းကစားသမားများကို မော်ရင်ညိုပြစ်တင်ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490560138
ပေါ်တိုကို ဒုတိယဂိုးပေးလိုက်ရပြီးနောက် မော်ရင်ညိုကိုတွေ့ရစဉ်

ချဲလ်ဆီးအသင်းနည်းပြမော်ရင်ညိုက ပေါ်တိုနှင့်ပွဲတွင် အရေးနိမ့်ခဲ့သည့်အတွက် အသင်းကစားသမားများကို အ၀တ်လဲခန်းအတွင်း ပြစ်တင်ဝေဖန်ခဲ့ကြောင်းသိရှိရသည်။

ယခုဘောလုံးရာသီအစတွင် ရလဒ်ဆိုးများနှင့်ကြုံတွေ့နေသော ချဲလ်ဆီးအသင်းမှာ ချန်ပီယံလိဂ်၌ ပေါ်တိုကိုအရေးနိမ့်ခဲ့သဖြင့် ၂ ပွဲကစားပြီးချိန်တွင် ရမှတ် ၃ မှတ်သာပိုင်ဆိုင်ထားသည်။

ပေါ်တိုကိုအရေးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍ မော်ရင်ညိုက ”ကျွန်တော်တို့အတွက် အဓိပ္ပါယ်မရှိတဲ့ ရှုံးပွဲပဲ။ ပေါ်တိုရဲ့ ထောင့်ကန်ဘောတွေကို အကြိမ်ကြိမ်ကြည့်ပြီးသွားပြီ။ အခုပွဲအတွက် အသင့်ဖြစ်နေတယ်လို့ ကျွန်တော့်ဘက်ကခံယူထားတာ။ ပြီးတော့ အခုပွဲကိုထိန်းချုပ်ကစားဖို့ ပြောင်းလဲမှုတွေနဲ့ ပြင်ဆင်ခဲ့တယ်။ ဂိုးပေးလိုက်ရတာကိုကြည့်ရင် ကျွန်တော့်ကစားသမားတွေက ရေခဲရိုက်ထားသလိုပါပဲ။ တူညီတဲ့အမှားကနေပဲ နောက်တစ်ဂိုးပေးလိုက်ရပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ချဲလ်ဆီးနောက်ချန်တိုက်စစ်မှူး အော်စကာအပါအ၀င်၊ ရမ်မီနှင့် ဖယ်လ်ကာအိုတို့မှာ အသင်းလူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရပြီး အသင်းခေါင်းဆောင်တယ်ရီမှာလည်း အရန်ကစားသမားစာရင်းတွင်သာပါဝင်ခဲ့သည်။ မော်ရင်ညို၏ ဆုံးဖြတ်ချက်အပေါ် ချဲလ်ဆီးအဓိက ကစားသမားများက အံ့အားသင့်လျက်ရှိပြီးကွင်းအတွင်း၌လည်း ချဲလ်ဆီးပရိသတ်များက ”ကျွန်ုပ်တို့ အသင်းခေါင်းဆောင် ပြန်လာဖို့ အလိုရှိတယ်” ဟု သံပြိုင်ဟစ်ကြွေးခဲ့ကြသည်။

comments

error: Content is protected !!