မန်ယူတိုက်စစ်မှူးရွန်နီနှင့် တွဲဖက်ကစားလိုကြောင်း လူကာကူ ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490448616
ဝက်စ်ဘရွန်းဘက်သို့ဂိုးသွင်းယူပြီး အောင်ပွဲခံနေသည့် လူကာကူ

အဲဗာတန်အသင်းတိုက်စစ်မှူးလူကာကူက လက်ရှိအသင်းမှထွက်ခွာခဲ့ပါက မန်ယူကြယ်ပွင့်ရွန်နီနှင့် တွဲဖက်ကစားလိုကြောင်း ဖွင့်ဟပြောကြားလိုက်သည်။

အသက် ၂၂ နှစ်ရှိ အဆိုပါချဲလ်ဆီးတိုက်စစ်မှူးဟောင်းမှာ ပရီးမီးယားလိဂ်အခြေစိုက်အသင်းဖြစ်သည့် ၀က်စ်ဘရွန်းအသင်းတွင်ကစားခဲ့ဖူးပြီး လက်ရှိအဲဗာတန်အသင်း၏ တိုက်စစ်မှူးတစ်ဦးအဖြစ် ပါဝင်ကစားနေသူဖြစ်သော်လည်း ၎င်း၏ ပြင်းပြသည့်ရည်မှန်းချက်ပြည့်ဝခဲ့ပါက မန်ယူတွင်သွားရောက်ကစားလိုသူဖြစ်သည်။

တိုက်စစ်မှူးလူကာကူက ”ရွန်နီဟာ တကယ့်ကိုကောင်းမွန်တဲ့ ဘောလုံးသမားပါပဲ။ နေရာစုံကနေ ဂိုးဘယ်လိုသွင်းယူမလဲဆိုတာ ကောင်းကောင်းသိတဲ့သူပါ။ ကျွန်တော်တို့ဟာ ပြိုင်ဘက်အဖြစ်နဲ့ ခဏခဏဆုံခဲ့သလို တစ်သင်းတည်းမှာလည်း နီးစပ်ခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူး။ ကျွန်တော်အဲဒီခံစားချက်ကို ကိုယ်တိုင်ထိန်းချုပ်ပြီး မေ့ဖျောက်ပစ်ခဲ့ရပါတယ်။ အခုအချိန်ထိလည်း နောင်တရနေဆဲပါ”ဟု ပြောကြားသွားခဲ့သည်။

ချဲလ်ဆီးအသင်းသို့ ၂၀၁၂  ခုနှစ်တွင်ရောက်ရှိခဲ့သော လူကာကူမှာ ပြိုင်ပွဲစုံ ၁၀၅ ပွဲကစားထားပြီး ၄၂ ဂိုးသွင်းယူပေးထားသူဖြစ်သော်လည်း ပရီးမီးယားလိဂ်တွင် ပရိသတ်အကြိုက်ကစားသမားအဖြစ်ရပ်တည်နိုင်ရန် ကြိုးပမ်းနေရဆဲဖြစ်သည်။

comments

error: Content is protected !!