အယ်လီဂရီအား ထုတ်ပယ်ဖွယ်ရန်ရှိနေသည့် သတင်းများမှာ ဟာသဆန်လွန်းကြောင်း ဂျူဗင်တပ်ဥက္ကဋ္ဌဟောင်း ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
71335122
ဂျူဗင်တပ်တွင် ဥက္ကဋ္ဌတာဝန်ယူစဉ်ကတွေ့ရသည့် ကိုဘိုလီ

စီးရီးအေချန်ပီယံဂျူဗင်တပ်ဥက္ကဋ္ဌဟောင်း ကိုဘိုလီက လက်ရှိနည်းပြအယ်လီဂရီမှာ အသင်းအတွက်အသင့်တော်ဆုံးနည်းပြတစ်ဦးဖြစ်ကြောင်း၊ ရလဒ်မကောင်းသည်သည့်အတွက် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ခြင်းမှာ ဟာသဆန်လွန်းကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

နည်းပြအယ်လီဂရီနီသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် ဂျူဗင်တပ်အသင်းအတွက် အောင်မြင်မှုများစွာရယူပေးခဲ့သော်လည်း လက်ရှိဘောလုံးရာသီတွင်မူ ရလဒ်ပိုင်းဆိုးရွားနေခဲ့သည့်အတွက် နည်းပြအပြောင်းအလဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

“နည်းပြအယ်လီဂရီဆိုတာ ဥရောပရဲ့ထိပ်တန်းနည်းပြတစ်ဦးဖြစ်သလို အသင်းအတွက်အသင့်တော်ဆုံးနည်းပြတစ်ဦးပါ။ သူ့လိုနည်းပြမျိုးကို ရာထူးကနေထုတ်ပယ်ဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေက တကယ်ကိုဟာသဆန်လွန်းပါတယ်။ အသင်းအနေနဲ့လည်း ထိပ်တန်းနည်းပြတစ်ဦးကို ရုတ်တရက်ထုတ်ပယ်မှာမဟုတ်ဘူး”ဟု ကိုဘိုလီက ဆိုသည်။

ဂျူဗင်တပ်အသင်းအနေဖြင့် စီးရီးအေပွဲစဉ် ၆ ပွဲကစားပြီးခဲ့ရာ၌ ဂျီနိုအာတစ်သင်းတည်းကိုသာ အနိုင်ရရှိထားခဲ့ပြီး အူဒီးနိစ်၊ ရိုးမား၊ နာပိုလီတို့ကို အရေးနိမ့်ခဲ့ခြင်းကြောင့် အဆင့် ၁၅ တွင်သာ ရပ်တည်လျက်ရှိသည်။ သို့သော်နည်းပြ အယ်လီဂရီအနေဖြင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များတွင်မူ ရာနှုန်းပြည့်အနိုင်ရယူပေးထားနိုင်ခဲ့သည်။

comments

error: Content is protected !!