အောက်တိုဘာလ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်မှုတွင် အာဂျင်တီးနားဆက်လက်ဦးဆောင်ခဲ့ပြီး ထိပ်ဆုံး ၁၀သင်းစာရင်းအတွင်း စပိန်ပြန်လည်ပါဝင်လာ
|
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည် အောက်တိုဘာလအတွက် လက်ရွေးစင်အသင်းအဆင့်ရပ်တည်မှုများထုတ်ပြန်ခဲ့ရာတွင် တောင်အမေရိကထိပ်သီး အာဂျင်တီးနားအသင်းက အဆင့် ၁နေရာတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး အဆင့် ၅ ဆင့်အထိတက်လာခဲ့သည့် စပိန်အသင်းမှာလည်းထိပ်ဆုံး ၁၀သင်းစာရင်းအတွင်း ပြန်လည်ပါဝင်လာခဲ့သည်။
လက်ရှိအဆင့်ရပ်တည်မှုအရ ထိပ်ဆုံး ၁၀ သင်းတွင် တောင်အမေရိကကိုယ်စားပြုထိပ်သီးအသင်းများဖြစ်သည့် အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဘရာဇီး၊ ချီလီအသင်းများ ပါဝင်ပြီး ဥရောပအသင်းများအဖြစ် ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ စပိန်၊ ဝေးလ်၊ အင်္ဂလန်အသင်းများပါဝင်ခဲ့သည်။
အောက်တိုဘာလအတွက် အဆင့်သတ်မှတ်မှုတွင် အဆိုးရွားအဆင့်ကျဆင်းခဲ့သည့်အသင်းများမှာ ၂၈ ဆင့်စီကျဆင်းခဲ့သည့် ဆိုက်ပရပ်စ်နှင့် မက်ဆီဒိုးနီယားအသင်းများဖြစ်ခဲ့ပြီး အဆင့်အများဆုံးတက်ရောက်ခဲ့သည့်အသင်းမှာ လိုက်ဘေးရီးယားဖြစ်ပြီး ၆၅ ဆင့်အထိတက်လာခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလအတွက်ကမ္ဘာ့ထိပ်သီး ၁၀သင်း
၁။ အာဂျင်တီးနား
၂။ ဂျာမနီ
၃။ ဘယ်လ်ဂျီယံ
၎။ ပေါ်တူဂီ
၅။ ကိုလံဘီယာ
၆။ စပိန်
၇။ ဘရာဇီး
၈။ ဝေးလ်
၉။ ချီလီ
၁၀။ အင်္ဂလန်
Next : ပုံမှန်နေရာအတွက် ရွန်နီ့ကို အာမခံချက်မပေးနိုင်ဟု ဟော့ဒ်ဆန်ဆို