ယူရို-၂၀၁၆ ခြေစစ်ပွဲ ၂ ပွဲ အတွက် အင်္ဂလန်လူစာရင်းထုတ်ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490630494
အင်္ဂလန်လူစာရင်းတွင်ပါဝင်လာသည့် လီဗာပူးတိုက်စစ်မှူး ဒန်နီအင့်စ်

ယူရို-၂၀၁၆ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်သည့် အင်္ဂလန်လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀၊ ၁၃ ရက်များတွင် ယှဉ်ပြိုင်ရမည့် နောက်ဆုံးခြေစစ်ပွဲစဉ် ၂ ပွဲအတွက် လူငယ်ကစားသမားအများစုကိုအခြေခံထားသည့် လူစာရင်းအား ထုတ်ပြန်ကြေညာခဲ့သည်။

ယခုထုတ်ပြန်ခဲ့သည့် လူစာရင်းတွင် ပရီးမီးယားလိဂ်၌ ခြေစွမ်းပြနေသည့် ကစားသမားအများစုကိုအခြေခံရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စပါးအသင်းမှ အလီ၊ လီဗာပူးအသင်းမှ ဒန်နီအင့်စ်အစရှိသည့် လူငယ်ကစားသမားသစ်များ ပါဝင်လာခဲ့သည်။

ခြေစစ်ပွဲအုပ်စု(င)အတွင်း ကျရောက်နေသည့် အင်္ဂလန်အသင်းသည် အုပ်စုပွဲစဉ် ၈ အပြီးတွင် ရာနှုန်းပြည့်နိုင်ပွဲရရှိထားသည့်အပြင် အမှတ်ပေးဇယားဒုတိယနေရာမှ ဆွစ်ဇာလန်အသင်းအား ၉ မှတ်အထိဖြတ်ထားနိုင်ခဲ့သည့်အတွက် လက်ကျန် ၂ ပွဲ ကျန်သေးသော်လည်း ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့ပြီဖြစ်သည်။

နည်းပြရွိုင်းဟော့ဆန်၏ အင်္ဂလန်အသင်းသည် လက်ကျန်ခြေစစ်ပွဲ ၂ ပွဲအဖြစ် အောက်တိုဘာ ၁၀ရက်တွင် အက်စ်တိုးနီးယားအသင်းနှင့်လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် လစ်သူယေးနီးယားအသင်းနှင့်လည်းကောင်း ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အင်္ဂလန်အသင်းလူစာရင်း
ဂိုး        – ဂျိုးဟတ်(မန်စီးတီး)၊ ဘတ်လန်ဒ်(စတုတ်စီးတီး)၊ တွန်ဟီဒ်တန်(ဘန်လေ)။
နောက်တန်း    – ဘာထရန်(ဆောက်သမ်တန်)၊ ကာဟေးလ်(ချဲလ်ဆီး)၊ ကလိုင်း(လီဗာပူး)၊ ကီရန်ဂစ်ဘ်(အာဆင်နယ်)၊ ဂျာဂျယ်ကာ၊ ဂျွန်စတုန်း(အဲဗာတန်)၊ ဖီးလ်ဂျုံးစ်၊ စမောလင်း(မန်ယူ)။
အလယ်တန်း    – အလီ(စပါး)၊ ဘာကလေ(အဲဗာတန်)၊ ကာရစ်(မန်ယူ)၊ လယ်လာနာ၊ မီလ်နာ(လီဗာပူး)၊ ချိန်ဘာလိန်(အာဆင်နယ်)၊ ရှယ်ဗေးလ်(ဆွမ်ဆီး)၊ စတာလင်(မန်စီးတီး)။
ရှေ့တန်း        – ဒန်နီအင့်စ်(လီဗာပူး)၊ ဟာရီကိန်း(စပါး)၊ ဂျိမ်းဘာဒီ(လက်စတာ)၊ ရွန်နီ(မန်ယူ)၊ ၀ဲလ်ကော့(အာဆင်နယ်)။

comments

error: Content is protected !!