ယနေ့ညယူရိုပါလိဂ်ပွဲတွင် အဓိက ကစားသမား ၅ ဦးကို ဒေါ့မွန်အနားပေးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490300380
ယူရိုပါလိဂ်ပွဲစဉ်တွင် အနားပေးခံရမည့် ပါပက်စ်တာသိုပူးလော့စ်၊ အူဘာမီယန်နှင့် ကာဂါဝါ

ဒေါ့မွန်အသင်းသည် ဘိုင်ယန်မြူးနစ်နှင့် ဘွန်ဒက်စ်လီဂါပြိုင်ပွဲကစားရမည်ဖြစ်သောကြောင့် ယနေ့ညတွင်ယှဉ်ပြိုင်မည့် ဂရိကလပ် PAOK နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ၌ အဓိက ကစားသမား ၅ ဦး အနားပေးမည်ဖြစ်ကြောင်းသိရသည်။

PAOK နှင့်ယှဉ်ပြိုင်မည့်ပွဲတွင် အနားပေးခံရမည့်ကစားသမားများမှာ ဟမ်မဲလ်၊ အူဘာမီယန်၊ ဂန်ဒိုဂန်၊ ကာဂါဝါနှင့် ပါပက်စ်တာသိုပူးလော့စ်တို့ဖြစ်ကြောင်း သိရှိရသည်။

ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်နှင့် ၄ မှတ်သာကွာဟနေသော ဒေါ့မွန်မှာ ဘောလုံးရာသီအစ ၅ ပွဲဆက်နိုင်ပွဲဆက်ခဲ့ပြီး နောက်ဆုံး ၂ ပွဲတွင် သရေရလဒ်ထွက်ပေါ်ထားသဖြင့် အမှတ်ပေးဇယားဦးဆောင်သူ ဘိုင်ယန်မြူးနစ်အား အမီလိုက်နိုင်ရန်အတွက် ထိပ်တိုက်ရင်ဆိုင်ရာတွင် အနိုင်ရရန် အဓိကကစားသမားများကို ယခုကဲ့သို့ အနားပေးခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်နှင့်ယှဉ်ပြိုင်မည့်ပွဲတွင် ဒေါ့မွန်အသင်းအမဲဖျက်ခံမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ခြင်းကို ဒေါ့မွန်အမှုဆောင်အရာရှိချုပ် ၀စ်ဇ်ကီက ငြင်းဆန်ပယ်ချသွားခဲ့ကြောင်း သိရသည်။

ဝစ်ဇ်ကီက ”ဖိအားပေးခံရမယ်လို့ ဘယ်တုန်းကမှ မထင်ထားဘူး။ ဘိုင်ယန်ကလည်း မုဆိုးမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း အသင်းတိုင်းကို စိန်ခေါ်နိုင်စွမ်းရှိတဲ့သူတွေပါ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!