ရှုံးထွက်အဆင့်သို့ တက်ရောက်ရန်အခွင့်အရေးရှိနေသေးဟု ဆဲလ်တစ်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490656480
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ရိုနီဒယ်လာ

ဆဲလ်တစ်အသင်းနည်းပြ ရိုနီဒယ်လာက မိမိတို့အသင်းအနေဖြင့် ယူရိုပါလိဂ်အုပ်စုဒုတိယပွဲစဉ်အဖြစ် ဖီနာဘာချီအသင်းနှင့်ကစားမည့်ပွဲတွင် ရလဒ်ကောင်းရရှိခဲ့ပါက ရှုံးထွက်အဆင့်သို့တက်ရောက်ရန်အခွင့်အရေးရှိနေသေးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

စကော့တလန်ထိပ်သီးဆဲလ်တစ်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် နယ်သာလန်ကလပ်အေဂျက်ဇ်အသင်းနှင့် ၂-၂ သရေကျခဲ့သည့် ပွဲစဉ်၌ ခံစစ်ကစားပုံကောင်းမွန်ခဲ့သည့်အတွက် နည်းပြ ရိုနီဒယ်လာကို မီဒီယာများက ချီးကျူးရေးသားခဲ့ကြသည်။

“အသင်းအနေနဲ့ အကောင်းဆုံးအခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ အေဂျက်ဇ်လိုအသင်းမျိုးဆီကနေ အမှတ်ခွဲယူနိုင်ခဲ့တဲ့အတွက် ယုံကြည်ချက်ပိုင်းမှာလည်း အမြင့်ဆုံးအနေအထားရှိနေပါတယ်။ နောက်တစ်ဆင့် တက်ရောက်ခွင့်ရဖို့အတွက် အခွင့်အရေးရှိနေပါသေးတယ်” ဟု နည်းပြရိုနီဒယ်လာက ဆိုသည်။

ယူရိုပါလိဂ်အုပ်စု(က)တွင် ပါဝင်ခဲ့သည့် ဆဲလ်တစ်အသင်းသည် ဒိန်းမတ်ကလပ် မိုလ်ဒီ၊ ဟော်လန်ကလပ် အေဂျက်ဇ်၊ တူရကီကလပ် ဖီနာဘာချီအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ်အပြီးတွင် အဆင့် ၃ေ နရာ၌ ရပ်တည်လျက်ရှိနေသည်။

comments

error: Content is protected !!