ဘင်ဖီကာပရိသတ်များ၏ မီးရှုးမီးပန်းကြောင့် အက်သလက်တီကိုပရိသတ်တချို့ ဒဏ်ရာရရှိခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490707022
ဘင်ဖီကာပရိသတ်များ ပစ်ဖောက်ခဲ့သည့် ကွင်းတွင်းကျလာသော မီးရှုးမီးပန်းများကို ငြိမ်းသတ်နေကြစဉ်

အက်သလက်တီကိုနှင့်ဘင်ဖီကာတို့ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဧည့်သည်ဘင်ဖီကာပရိသတ်များ၏ မီးရှုးမီးပန်းပစ်ဖောက်မှုများကြောင့် အသက် ၂ နှစ်အရွယ်ရှိ အက်သလက်တီကိုကလေးပရိသတ်တစ်ဦးနှင့် ပရိသတ်အချို့ဒဏ်ရာရရှိခဲ့ခြင်းကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ရုပ်သံအနှေးပြကွက်များနှင့် မီဒီယာများမှဖော်ပြခဲ့သည့်ပုံများအရ ဘင်ဖီကာပရိသတ်များက မီးရှုးမီးပန်းများပစ်ဖောက်အောင်ပွဲခံခဲ့ရာမှတစ်ဆင့် အချို့မီးရှုးမီးပန်းများမှာ အက်သလက်တီကိုပရိသတ်များအကြား ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပရိသတ်အချို့ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ အက်သလက်တီကိုအသင်းမှ သတင်းထုတ်ပြန်ခြင်းမရှိခဲ့သော်လည်း စပိန်အားကစားမီဒီယာ AS.com ၏ ဖော်ပြချက်တွင် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်မှာ ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း၊ မီးလောင်ဒဏ်ရာရခဲ့သည့် ပရိသတ်အချို့မှာလည်း စိုးရိမ်စရာမရှိကြောင်း ဖော်ပြခဲ့သည်။

comments

error: Content is protected !!