လေ့ကျင့်ရေးအပြီး မည်သည့်ကစားသမား နေ့လယ်စာအရင်စားရမည်ကို ဗန်ဟားလ်ဆုံးဖြတ်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490519858
ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဗန်ဟားလ်

မန်ယူနည်းပြဗန်ဟားလ်မှာ အသင်းကန်တင်း၌ မည်သည့်ကစားသမားများ နေ့လယ်စာဦးစွာစားရမည်ကို ရွေးချယ်ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဗန်ဟားလ်မှာ စည်းကမ်းကြီးပြီး၊ အသေးစိတ်မှအစ အရေးထားသောနည်းပြအဖြစ် နာမည်ကြီးသူဖြစ်ကာ ယခုအချိန်တွင်လည်း ကာရင်တန်လေ့ကျင့်ရေးကွင်းအတွင်း ကစားသမားများစားသောက်မှုအစီအစဉ်ကို စည်းကမ်းချမှတ်လိုက်ခြင်းဖြစ်သည်။

မန်ယူအတွင်းလူတစ်ဦးက “နည်းပြက ဘယ်သူအရင် စားရမလဲဆိုတာ ဆုံးဖြတ်ပေးမယ်လို့ ပြောထားပါတယ်။ စားပွဲတစ်လုံးချင်းစီမှာ ဘယ်သူတွေထိုင်ရမလဲဆိုတာ သူပြောမှာဖြစ်ပြီး ကစားသမားတွေက အဲဒါကို သိချင်နေကြပါတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာ ခြေစွမ်းပြတဲ့အနေအထားကိုလိုက်ပြီး စီစဉ်မလားတော့ မသိပါဘူး။ ကစားသမားတွေကတော့ လေ့ကျင့်ခန်းအကောင်းဆုံးလုပ်ဖို့ ပြင်ဆင်နေကြပါပြီ”ဟု ပြောကြားခဲ့သည်။

ကစားသမားမဟုတ်သည့် အခြားအဖွဲ့ဝင်များကိုလည်း သီးခြားအခန်းတွင် နေ့လယ်စာစားရန် ဗန်ဟားလ်က ညွှန်ကြားထားပြီး လေးထောင့်စားပွဲများနေရာတွင် စားပွဲဝိုင်းများအစားထိုးကာ ကစားသမားများ ပိုမိုစည်းလုံးမှုရှိရန် ဗန်ဟားလ်က လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ဗန်ဟားလ်မှာ အိုးထရက်ဖို့ဒ်ကွင်းတွင်လည်း သီးသန့်အခန်းတစ်ခန်းစီစဉ်ခိုင်းကာ ပွဲအပြီးတွင် အခြားနည်းပြများကဲ့သို့ ပြိုင်ဘက်နည်းပြများနှင့် ၀ိုင်သောက်သုံးခြင်းမရှိဘဲ ထိုအခန်း၌ မိသားစုနှင့်သာ အချိန်ကုန်ဆုံးသည်ဟု သိရှိရသည်။

comments

error: Content is protected !!