အိမ်ရှင်မြန်မာ၊ဗီယက်နမ်တို့နှင့် ဆက်တိုက်ကစားရမည်ဖြစ်၍ အုပ်စုတက်ရန် ခက်ခဲပြီဟု တီမောနည်းပြပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
timor1
ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် တီမောယူ-၁၉နည်းပြ တကူးမား ကိုဂါပြောကြားနေစဉ်။

စက်တင်ဘာ(၃၀)။

အောင်သော်ဖြိုး။

အာရှယူ-၁၉ ချန်ပီယံရှစ်အုပ်စု(ဆ)မှ တီမောအသင်းမှာ ပွဲ(၂)ပွဲကစားပြီးချိန်တွင် ရမှတ်(၄)မှတ်ရရှိကာ ဦးဆောင်သူနေရာကိုရရှိထားသော်လည်း ရှေ့ကစားမည့်ပွဲများတွင် အိမ်ရှင်မြန်မာ၊ ဗီယက်နမ်အသင်းတို့နှင့် ဆက်တိုက် ယှဉ်ပြိုင်ကစားရ မည်ဖြစ်ရာ အုပ်စုတက်ရန် ခက်ခဲသွားပြီဖြစ်ကြောင်း တီမောအသင်းနည်းပြ တကူးမား ကိုဂါကပြောလိုက်သည်။

အုပ်စုဒုတိယပွဲစဉ်တွင် တီမောအသင်းသည် ဟောင်ကောင်အားဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ခြင်းကြောင့် နည်းပြ တကူးမား ကိုဂါက ယင်းကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

တီမောယူ-၁၉နည်းပြ တကူးမား ကိုဂါက” ဒီနေ့ သရေရလဒ်က ကံကောင်းလို့ရခဲ့တာပါ။ဟောင်ကောင်အသင်း က ထိရောက်တဲ့ ဂိုးသွင်းမှုတွေရှိခဲ့ပါတယ်။အသင်းရဲ့ ကစားပုံကလည်း အားရစရာမရှိခဲ့ပါဘူး။ လက်ကျန်နှစ်ပွဲ က ဗီယက်နမ်၊မြန်မာ အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အုပ်စုတက်ဖို့ ခက်ခဲသွားပါပြီ”ဟုပြောကြားခဲ့ သည်။

ဟောင်ကောင်အသင်းမှာ တီမောအသင်းအား အသာစီးမှ ကစားနိုင်ခဲ့ပြီး နည်းပြ ဘရာဗို ဂျီမီနက်ဇ်က အသင်း ကစားပုံမှာ ဗီယက်နမ်ကပွဲထက်ပိုမိုကောင်းမွန်လာခဲ့ကြောင်း၊ မြန်မာအသင်းနှင့် အောက်တိုဘာ(၄)ရက်နေ့မှ ကစားရမည်ဖြစ်ရာ မိမိတို့အနေဖြင့် ပြင်ဆင်ချိန်(၃)ရက် ရရှိခဲ့ခြင်းမှာ ကံကောင်းမှုတစ်ခုဖြစ်ကြောင်း၊ သို့ရာတွင်မူ မြန်မာအသင်းမှ အိမ်ရှင်ဖြစ်သည့်အတွက် ခက်ခဲမည့်ပွဲစဉ်ဖြစ်လာမည်ဟု ပြောခဲ့သည်။

တီမောအသင်းအနေဖြင့် အောက်တိုဘာ(၂)ရက်နေ့တွင် မြန်မာအသင်းနှင့်လည်းကောင်း၊ အောက်တိုဘာ(၄) ရက် နေ့တွင်ဗီယက်နမ်အသင်းနှင့် လည်းကောင်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!