ဆီယွန်နှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျပါဝင်မည်မဟုတ်ဟု နည်းပြရော့ဂျာဆို
|
လီဗာပူးတိုက်စစ်မှူးဖြစ်သူ စတာရစ်ခ်ျသည် ကြံ့ခိုင်မှုလိုအပ်ချက်များကြောင့် ယူရိုပါလိဂ်အုပ်စုပွဲစဉ် ၂ အဖြစ် ဆွစ်ဇာလန်ကလပ်ဆီယွန်အသင်းနှင့်ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြရော့ဂျာက အတည်ပြုပြောကြားခဲ့သည်။
တင်ပါးဒဏ်ရာကြောင့်အနားယူနေရသည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးစတာရစ်ခ်ျသည် ဒဏ်ရာမှပြန်လည်သက်သာလာခဲ့ပြီးနောက် ဗီလာအသင်းအား ၂-၃ ဖြင့်အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက်အရေးပါသည့် သွင်းဂိုး ၂ ဂိုး ရယူပေးနိုင်ခဲ့သည်။
”စတာရစ်ခ်ျအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တယ်ဆိုပေမယ့် ကြံ့ခိုင်မှုအပြည့်ပြန်ရဖို့ ရုန်းကန်နေရဆဲပါ။ အသင်းရဲ့လူစာရင်းမှာ ပါဝင်နိုင်ဖွယ်ရှိနေပေမယ့် ကြံ့ခိုင်မှုပိုင်းအရ အရဲစွန့်အသုံးပြုမှာမဟုတ်ပါဘူး။ အထူးသဖြင့် ဆီယွန်နဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ စတာရစ်ခ်ျပါဝင်ကစားဖို့ အခြေအနေမရှိသလောက်ပါပဲ”ဟု နည်းပြရော့ဂျာက ဆိုခဲ့သည်။
သို့သော် အင်္ဂလန်မီဒီယာများ၏ဖော်ပြချက်တွင်မူ စတာရစ်ခ်ျအနေဖြင့် အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ရကစားရမည့် အင်္ဂလန်အသင်း၏ ယူရို-၂၀၁၆ ခြေစစ်ပွဲတွင်မူ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။
Next : ကစားသမားများကို အလွဲသုံးစားလုပ်ခဲ့သည့် ပါးမားဥက္ကဋ္ဌဟောင်း ဘောလုံးလောကမှ ၅ နှစ် ပယ်ခံရ