ပေါ်တူဂီနည်းပြဟောင်း စကိုလာရီ အခွန် ယူရို ၃ သန်း တိမ်းရှောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ
|
တရုတ်ကလပ်ဂွန်ဇူးအဲဗားဂရင်းနည်းပြ စကိုလာရီသည် ပေါ်တူဂီလက်ရွေးစင်အသင်းအားတာဝန်ယူကိုင်တွယ်ခဲ့သည့် ၂၀၀၃ မှ ၂၀၀၇ အတွင်း အခွန်တိမ်းရှောင်မှုများရှိခဲ့ပြီး ယူရို ၃သန်းအထိရှိခဲ့ကြောင်း ပေါ်တူဂီအစိုးရက အတည်ပြုခဲ့သည်။
အခွန်ဌာန၏တွေ့ရှိချက်အရ နည်းပြစကိုလာရီအနေဖြင့် ပေါ်တူဂီလက်ရွေးစင်အသင်းအား တာဝန်ယူကိုင်တွယ်ခဲ့သည့် ၄ နှစ်တာကာလအတွင်း ပုံရိပ်အသုံးပြုမှုနှင့်ပတ်သက်၍ရရှိခဲ့သည့် ၀င်ငွေအချို့ကို အခွန်ပေးချေရန် တိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် နည်းပြစကိုလာရီအနေဖြင့် ပေးချေရန်ရှိနေသည့် အခွန်များကို ပေးဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး အခွန်ပေးချေရန် ကျန်ရှိနေခဲ့ခြင်းမှာ အဖွဲ့အစည်းများအကြားနားလည်မှုလည်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပေါ်တူဂီအသင်းမှထွက်ခွာခဲ့ကတည်းက ပေးဆောင်ရမည့်အခွန်များပေးချေခဲ့ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပေါ်တူဂီလက်ရွေးစင်အသင်းကို ယူရို-၂၀၀၄တွင် ဒုတိယဆုရရှိရန်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြစကိုလာရီအနေဖြင့် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။
Next : ဆီယွန်နှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျပါဝင်မည်မဟုတ်ဟု နည်းပြရော့ဂျာဆို